နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။
အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာစံတော်ချိန်သည် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်သည်။
အမည်ရင်း ကိုကျော်စိုးဖြစ်ကာ ၁၉၇၂ ခုနှစ်
စက်တင်ဘာလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။
၁၉၈၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁ ခုနှစ်၌ ဆေးတက္ကသိုလ် (၂)မှ ဆေးပညာဘွဲ့ရရှိခဲ့သည်။
မင်းခိုက်စိုးစန်အမည်ဖြင့် စာပေရေးသားမှုအပြင် ရုပ်ရှင်ဇာတ်ညွှန်းများ ရေးသားခဲ့သလို သတိုးတေဇနှင့် ဇော်နိုင်ငံစိုး ကလောင်အမည်များကိုလည်း အသုံးပြုခဲ့သည်။
၂၀၂၁ ခုနှစ်၌ “ဂျစ်ကန်ကန် ဝတ္ထုတိုများ” ဝတ္ထုတိုစုစည်းမှုနှင့် အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၌ အရှေ့တောင်အာရှစာရေးဆရာဆု S.E.A. Write Award ကို ရရှိခဲ့သည်။
သတိုးတေဇ နှင့် ဇော်နိုင်ငံစိုးတို့မှာလည်း မင်းခိုက်စိုးစံ၏ ကလောင်ခွဲများဖြစ်ကြသည်။
