Friday, July 31, 2026

ဂျပန်လူဦးရေ သန်း ၁၂၀ အောက်...

     မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်းကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတွင် နေထိုင်သော ဂျပန်လူဦးရေသည် ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀...

ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက်...

ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။ ​"ဒီကနေ့မှာပဲ ဂါဇာက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အပြည့်အဝ...

ဂျပန်ငလျင် သေဆုံးသူ ၃၄ ဦးအထိ...

ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းသော ငလျင်ကြောင့် သေဆုံးသူ အရေ အတွက်သည် ၃၄ ဦးအထိ မြင့်တက်လာပြီး ဇူလိုင်လ ၃၀...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၃၀ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး...
HomeMoviesတရုတ်စက်ရုပ်တင်သွင်းမှုအမေရိကပိတ်ပင်ကလက်တုန့်ပြန်မည်--ပေကျင်း

တရုတ်စက်ရုပ်တင်သွင်းမှုအမေရိကပိတ်ပင်ကလက်တုန့်ပြန်မည်–ပေကျင်း

        
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ရို‌ေဘာ့တ်စက်ရုပ်အသစ်များနှင့် လျှပ်စစ်အင်ဗာတာများ တင်သွင်းမှုကို ပိတ်ပင်ခြင်းနှင့်ပတ်သက်၍ တစ်ဖက်သတ်လုပ်ဆောင်လာပါက တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား လက်တုန့်ပြန်သွားမည်ဖြစ်ကာ နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်သွားမည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
         
အမေရိကန်ပြည်ထောင်စုအနေဖြင့် လုပ်ဆောင်ချက်များကို ချက်ချင်းရုပ်သိမ်းရန်နှင့် ၎င်း၏ မှားယွင်းသောပြုမူလုပ်ဆောင်ချက်များကို ရပ်တန့်ရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး ထိုအစီအမံများသည် တရုတ်ကုမ္ပဏီများနှင့် ထုတ်ကုန်များအပေါ် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
       
အမေရိကန်ပြည်ထောင်စုဆက်သွယ်ရေးကော်မရှင်(အက်ဖ်စီစီ) က အမေရိက၏ AI တည်ဆောက်မှုအပေါ် နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုများမှ ကာကွယ်ရန်နှင့် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာမည့် အဓိကစက်မှုလုပ်ငန်းများကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းသည့် အစီအမံများကို ထုတ်ပြန်ခဲ့သည်။
      
အက်ဖ်စီစီသည် ပေကျင်း၏ ထပ်ခါတလဲလဲ တင်ပြချက်များကို လျစ်လျူရှုခဲ့ကာ ၎င်း၏ ကန့်သတ်ချက်အစီအမံများကို ဆက်လက်တိုးမြှင့်ခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။
      
အမေရိကသည် နိုင်ငံတော်လုံခြုံရေး အယူအဆကို ယေဘုယျအားဖြင့် အသုံးချနေပြီး ယင်းသည် တရုတ်နှင့် အမေရိကန် စက်မှုလုပ်ငန်းများ၏ အကျိုးစီးပွားများကို လျစ်လျူပြုသည့် ဈေးကွက်ပုံဖျက်ခြင်းနှင့် တစ်ဖက်သတ်အနိုင်ကျင့်ခြင်းအပြုအမူ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်လူဦးရေ သန်း ၁၂၀ အောက် ကျဆင်း

     မွေးဖွားနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အို များပြားသော လူ့အဖွဲ့အစည်းကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတွင် နေထိုင်သော ဂျပန်လူဦးရေသည် ၄၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၁၂၀ အောက်သို့ ကျဆင်းသွားကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစိုးရ၏ အချက်အလက်များတွင် ဖော်ပြသည်။      ဇန်နဝါရီလ ၁ ရက်နေ၌ ဂျပန်နိုင်ငံတွင် နေထိုင်သော ဂျပန်လူမျိုးဦးရေသည် ၁၁၉ ဒဿမ ၇၄ သန်းရှိပြီး ယခင်နှစ်ကထက် ၀ ဒဿမ ၇၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။     ၁၉၆၈ ခုနှစ်မှစ၍...

ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရသွားပြီလို့ ထရမ့် ပြော

ဟားမတ်စ်တွေ အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူညီချက် ရရှိသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ပြောပါတယ်။ ​"ဒီကနေ့မှာပဲ ဂါဇာက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့အားလုံးကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းဖို့အတွက် 'Board of Peace'(ငြိမ်းချမ်းရေးဘုတ်အဖွဲ့) က သမိုင်းဝင် သဘောတူညီချက်တစ်ခုကို ရရှိခဲ့ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ" လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။ ​ဟားမတ်စ်တွေကို အပြည့်အဝ လက်နက်ဖြုတ်သိမ်းပြီးတာနဲ့ အစ္စရေးတပ်တွေ ဂါဇာကမ်းမြောင်ဒေသကနေ ဆုတ်ခွာသွားမယ်လို့လဲ သူက...

ဂျပန်ငလျင် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာ    

ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းသော ငလျင်ကြောင့် သေဆုံးသူ အရေ အတွက်သည် ၃၄ ဦးအထိ မြင့်တက်လာပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများသည် ပြိုကျပျက်စီးခဲ့သော ဈေးဝယ်စင်တာအတွင်းမှ အသက်ရှင်ကျန်ရစ်သူများကို ကြိုးစားပမ်းစား ရှာဖွေနေကြသည်။ ငလျင်လှုပ်ပြီးနောက် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ယူဆရသော အေရွန်ဈေးဝယ်စင်တာ၏ အပျက်အစီးများ၊ သံမဏိနှင့် ဝါယာကြိုးများထဲမှ အလောင်း ခုနစ်လောင်းကို ထုတ်ယူနိုင်ခဲ့ပြီးနောက် ကူမာမိုတို ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးက သေဆုံးသူစာရင်းအသစ် ကို ထုတ်ပြန်ခဲ့သည်။ ယာတဆူရှီရိုမြို့ရှိ မီးခိုးခေါင်းတိုင်ပြိုကျမှုဖြစ်ခဲ့သော နီပွန်စက္ကူစက်ရုံတွင် လူ ရှစ်ဦး သေဆုံးကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071