ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။
ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆ နှင့် ရပ်ကွက် ၇ တို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်ပိုင်ရှင်များနှင့် မေ ၄ ရက်နှင့် ယနေ့ မေ ၅ ရက်တို့ကတွေ့ဆုံကာ ပြန်လည်ထူထောင်ရေးအတွက်စတင်မည့်အချက်အလက်များအားအသေးစိတ်အားရှင်း လင်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
” ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းအမှန်တကယ်မြေပြင်လက်တွေ့အကောင်အထည်ဖော်ဖို့ မီး လောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်တွေနဲ့တွေ့ဆုံပြီး မီး လောင်ဆုံးရူံးခဲ့ရတဲ့နေအိမ်တွေကို အစိုးရအစီအစဉ်နဲ့ယာဉ်ယန္တားရားတွေနဲ့ဖျက်သိမ်းပေးရမလား မိမိအစီအ စဉ်နဲ့ဖျက်သိမ်းမလား မြေနေရာရှင်းလင်းပြီးရင် မိမိနဂိုနေရာမှာအိမ်ပြန်ဆောက်ဖို့မြေကွက်ရိုက်ပေးမယ်ဆိုတာတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်”ဟု ဒေါ်ခင်နီနီအောင်က ပြောသည်။
အဆိုပါ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များအား ပြည်နယ်အစိုးရအဖွဲ့က ဘိလပ်မြေနှင့် သွပ်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကာ ပိုမိုလိုအပ်လာပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ချက်ခြင်းနေအိမ်ပြန်လည်ဆောက်လုပ်မည့်သူများကို ဦးစားပေးအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချိန်ကာလတစ်ခုရောက်မှသာ ပြန်လည်ဆောက်လုပ်မည့်သူများကိုလည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
” စတင်အကောင်အထည်ဖော်မှာက အခုအမတို့မြေပြင်မေးပြီးတာနဲ့စာရင်းရရှိမူကို ပြည်နယ်အစိုးရအဖွဲ့ကိုတင်မယ်။ ခွင့်ပြုတာနဲ့ယာဉ်စက်ယန္တာရားတွေနဲ့ရှင်း လင်းရေးစတော့မှာပါ”ဟု ဒေါ်ခင်နီနီအောင်က ပြော သည်။
ထို့ကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် နေအိမ်များအနေဖြင့် မိုးမကျမှီ နေအိမ်များပြန်လည်ဆောက်လုပ်နေ ထိုင်ရေးအတွက် ဝိုင်းဝန်းကူညီပူးပေါင်းပေးကြရန်လည်း ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်ကပြောကြားခဲ့ကြောင်း သိရသည်။