အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်က မော်လူးမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် မေ ၂ ရက်မှစတင်၍ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ မေ ၅ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့ဝင်များ တရားမဝင်လုပ်ကိုင် နေသည့် ဆီခြံများမှ ဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့် ကားများကိုလည်းသိမ်းဆည်းရမိခဲ့ကာ လက်ရှိအချိန်၌ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
