Tuesday, May 5, 2026

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား...
HomeNewsLocal Newsထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football...

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp အတွက် မြန်မာလူငယ် (၆) ဦး ရွေးချယ်ခံရ

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် AIA-Spurs Football Camp သို့ သွားရေ ာက်လေ့ကျင့်ရန် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ကြောင်း အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်အသိပေးသည်။

​AIA Myanmar မှ စီစဉ်သည့် Score With Spurs (AIA Coaching Clinic 2026) အစီအစဉ်မှတစ်ဆင့် ရွေးချယ်ခြင်းဖြစ် ကာ​ရွေးချယ်ခံရသူများသည်Tottenham Hotspur အသင်း၏ နည်းပြများထံတွင် (၆)ရက်ကြာ လေ့ကျင့်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

​​အဆိုပါ လူငယ်များသည် ပဏာမလူတွေ့စစ်ဆေးပွဲတွင် အောင်မြင်ခဲ့သည့် ထူးချွန်သူများဖြစ်ပြီး၊ နောက်ဆုံးအဆင့်အနေ ဖြင့် ခန့်ညီညီလင်း၊ ဇေရဲပိုင်၊ ပြည့်ဖြိုးဇော်၊ ဖုန်းပြည့်လျှံ၊ မြူနှင်းချို၊ ယွန်းယွန်း
တို့ဖြစ်‌သည်။

​ရွေးချယ်ခံရသည့် လူငယ်များသည်ထိုင်းနိုင်ငံတွင်ကျင်းပမည့် အဆိုပါ Camp တွင် Tottenham Hotspur အသင်း၏ International Development Coach များထံမှ နိုင်ငံတကာအဆင့်မီ ဘောလုံးနည်းစနစ်များကို တိုက်ရိုက်သင်ကြားခွင့်ရရှိမည် ဖြစ်သည်။

ခရီးစဉ်သည် လူငယ်များအတွက် နိုင်ငံ တကာအတွေ့အကြုံများရရှိပြီး ၎င်းတို့ ၏ ကစားသမားဘဝ စွမ်းရည်များကို နောက်တစ်ဆင့်သို့မြှင့်တင်နိုင်မည့်အရေးကြီးသော အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း အဖွဲ့ချုပ်ကအသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း CCDAC MYANMAR(မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုကော်မတီ) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက် ပံ့ပေးသည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်ပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်ကူညီမည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆ နှင့် ရပ်ကွက် ၇ တို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်ပိုင်ရှင်များနှင့် မေ ၄ ရက်နှင့် ယနေ့ မေ ၅ ရက်တို့ကတွေ့ဆုံကာ ပြန်လည်ထူထောင်ရေးအတွက်စတင်မည့်အချက်အလက်များအားအသေးစိတ်အားရှင်း လင်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းအမှန်တကယ်မြေပြင်လက်တွေ့အကောင်အထည်ဖော်ဖို့ ‌မီး လောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်တွေနဲ့တွေ့ဆုံပြီး မီး လောင်ဆုံးရူံးခဲ့ရတဲ့နေအိမ်တွေကို အစိုးရအစီအစဉ်နဲ့ယာဉ်ယန္တားရားတွေနဲ့ဖျက်သိမ်းပေးရမလား မိမိအစီအ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071