Friday, May 23, 2025

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...
HomeNewsEntertainment Newsနိုင်ငံတကာ လူငယ်များနေ့ International...

နိုင်ငံတကာ လူငယ်များနေ့ International Youth Day 2017 အခမ်းအနား ကျင်းပ

03

နိုင်ငံတကာလူငယ်များနေ့ International Youth Day 2017  အခမ်းအနားကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၅လမ်းထောင့်ရှိ မက်သ ဒစ် အသင်းတော်ဝင်းအတွင်းရှိ ဦးဘအုန်းအောက်မေ့ဖွယ်ခန်းမ၌ သြဂုတ်လ ၁၂ ရက်နေ့က ညနေ ၄နာရီမှ ည ၇နာရီထိ ကျင်းပပြုလုပ် ခဲ့ရာ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာ ပေါင်းစုံမှ လူငယ်အယောက် ၃ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မက်သဒစ် အသင်းတော် သင်းအုပ်ဆရာတော် ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ၂ဝ၁၇ခုနှစ် နိုင်ငံတကာ လူငယ်များနေ့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံမှ ပေးပို့သည့် သဝဏ်လွှာကို ကိုအောင် ထွန်းသန့်က ဖတ်ကြားခဲ့သည်။

3

ယင်းအခမ်းအနားတွင် လူငယ် ပန်းချီဆရာများ၏ ငြိမ်းချမ်းရေး သရုပ်ဖော် Graffiti  လက်ရာများ၊  3D လက်ရာများ၊ လူငယ်မျက်လှည့် ဆရာ များ၏ ငြိမ်းချမ်းရေးသရုပ်ဖော် မျက် လှည့်ပြကွက်များ၊ တိုင်းရင်းသား ပေါင်း စုံ ၊ဘာသာပေါင်းစုံမှ လူငယ်များ၏ ရိုးရာအကများ၊ သီချင်းများနှင့် တခြား ဖျော်ဖြေရေးအစီအစဉ်များ စွာဖြင့် ကျင်းပခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ် နိုင်ငံတကာလူငယ်များ နေ့အတွက် UN ပေးထားတဲ့ ဆောင်ပုဒ်က Youth Building Peace ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ လူငယ်များဆိုပြီး ပေးထားပါတယ်။ နိုင်ငံတကာ လူငယ်များနေ့သည် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးနိုင်ရန် သက်မှတ်ထား သောနေ့ဖြစ်သည်ကို လူများသိရှိစေ ရန်၊ ဘာသာပေါင်းစုံ၊ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်း စုံမှ လူငယ်များ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်ကြသည်ကို သိရှိ ပြသနိုင်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် လူငယ်များက မိမိတို့ တတ်ကျွမ်းသော အတတ်ပညာများ ဖြင့် ပါဝင်လုပ်ဆောင်နေသည်ကို လူ အများမှသိရှိနားလည် လက်ခံလာနိုင် စေရန်၊ လူငယ်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စသည့် လုပ်ငန်းစဉ်များတွင် အဓိက ကျသော အခန်းကဏ္ဍများမှာ ပါဝင် နေသည်ကို လူအများ သိရှိစေရန် ရည်ရွယ်ပါတယ်” ဟု နိုင်ငံတကာ လူငယ်များနေ့ ဖြစ်မြောက်ရေး တာဝန်ခံ ကိုမိုးမင်းအောင်က ပြော ပြသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဥပဒေ ရေးရာကိစ္စများတွင် လူငယ်များ ပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည် ရွယ်ပြီး သြဂုတ်လ ၁၂ ရက်နေ့ ကို နိုင်ငံတကာလူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၉၉ခုနှစ်တွင် သက်မှတ်ပေးခဲ့ပြီး ၂ဝဝဝခုနှစ်မှ စ၍ နိုင်ငံအသီးသီးတွင် နိုင်ငံတကာ လူငယ်များနေ့ကို ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071