Saturday, September 19, 2026

5G ဝန်ဆောင်မှုအတွက် 2600MHz လှိုင်းနှုန်းစဉ်...

ပုသိမ်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ လိုအပ်လာသည့် 5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ...

ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ...

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...
HomeNewsLocal Newsနိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉

နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၆-၂၀၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက တင်ပြထားသည့် ရန်ပုံငွေလွှဲပြောင်းမှုအမှုတွဲတစ်စောင်နှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက တင်ပြထားသည့် စီမံကိန်းတန်ဖိုးပြောင်းလဲမှုအမှုတွဲတစ်စောင်တို့ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

5G ဝန်ဆောင်မှုအတွက် 2600MHz လှိုင်းနှုန်းစဉ် ခွင့်ပြုပြီး အကောင်အထည်ဖော်ရေးလုပ်ငန်းများ စတင်

ပုသိမ်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ လိုအပ်လာသည့် 5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ...

ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ လက်ရှိ ပြည်တွင်းထောပတ်သီး လက္ကားဈေးကွက်တွင် ပြည်ပတင်ပို့ရန် အဓိကထားစိုက်ပျိုးသည့် Hass အမျိုးအစား ထောပတ်သီး အကြီး၊ အလတ်အရော တစ်ကီလိုလျှင် ကျပ် ၁,၉၀၀ ခန့် ဈေးပေါက်နေပြီး အနည်းဆုံး ၃၅ ကီလိုမှ စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။ Hass ထောပတ်သီး အကြီးသီးသန့်မှာ တစ်ကီလိုလျှင် ကျပ် ၂,၅၀၀ မှ...

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071