Saturday, September 19, 2026

5G ဝန်ဆောင်မှုအတွက် 2600MHz လှိုင်းနှုန်းစဉ်...

ပုသိမ်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ လိုအပ်လာသည့် 5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ...

ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ...

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...
HomeNewsLocal Newsလွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉

နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ယင်း

စီစဉ်ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်၍ ကျန်းမာရေးနှင့် အစားအသောက်စစ်ဆေးရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်ပါက ဆေးကုသမှုခံယူနိုင်ရေး၊ အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို လွှတ်တော်အဆောက်အအုံနှင့် တည်းခိုနေထိုင်ရာနေရာများ၌ လွှတ်တော်မကျင်းပမီကတည်းက စတင်ဆောင်ရွက်ပြီး အစည်းအဝေးကျင်းပစဉ်တစ်လျှောက် လုပ်ငန်းအဖွဲ့အလိုက် စနစ်တကျ ပုံမှန်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ထို့ပြင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများကို လိုအပ်သည့်အချိန်တွင် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစစ်ဆေးပေးရေးနှင့် လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးရေးတို့ကိုလည်း စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေးအတွက် လုပ်ငန်းအဖွဲ့အလိုက် Checklist များဖြင့် ဆောင်ရွက်ရန်၊ အဆင့်ဆင့်ကြီးကြပ်ရန်နှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီတင်ပြ၍ သက်ဆိုင်ရာအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

5G ဝန်ဆောင်မှုအတွက် 2600MHz လှိုင်းနှုန်းစဉ် ခွင့်ပြုပြီး အကောင်အထည်ဖော်ရေးလုပ်ငန်းများ စတင်

ပုသိမ်၊ စက်တင်ဘာ ၁၉ မြန်မာနိုင်ငံတွင် ခေတ်နှင့်အညီ လိုအပ်လာသည့် 5G နည်းပညာ ဝန်ဆောင်မှုပေးနိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများအတွက် 2600MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ခွင့်ပြုပေးပြီးဖြစ်ကာ အကောင်အထည်ဖော်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားသည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၁၈ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့ပြီး စားသောက်ဖွယ်ရာများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ...

ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ထောပတ်သီး ရာသီပေါ်ချိန်ရောက်ရှိလာပြီး ပြည်တွင်းဈေးကွက်သို့ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လာသဖြင့် ဈေးနှုန်းများ သက်သာလျက်ရှိကာ စားသုံးသူများအနေဖြင့် သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်း ထောပတ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ လက်ရှိ ပြည်တွင်းထောပတ်သီး လက္ကားဈေးကွက်တွင် ပြည်ပတင်ပို့ရန် အဓိကထားစိုက်ပျိုးသည့် Hass အမျိုးအစား ထောပတ်သီး အကြီး၊ အလတ်အရော တစ်ကီလိုလျှင် ကျပ် ၁,၉၀၀ ခန့် ဈေးပေါက်နေပြီး အနည်းဆုံး ၃၅ ကီလိုမှ စတင်ဝယ်ယူနိုင်ကြောင်း သိရသည်။ Hass ထောပတ်သီး အကြီးသီးသန့်မှာ တစ်ကီလိုလျှင် ကျပ် ၂,၅၀၀ မှ...

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်အတွက် စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သည်။ ထို့နောက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071