Wednesday, September 23, 2026

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃...

မြန်မာနိုင်ငံ၌ အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ...

မြန်မာနိုင်ငံ၌ အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့်...

နျူကလီးယားစွမ်းအင်အစီအစဉ်၏အခြေခံသည် အမျိုးသားအကျိုးစီးပွားဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နျူကလီးယားစွမ်းအင်အစီအစဉ်၏အခြေခံသည် အ မျိုးသားအကျိုးစီးပွားဖြစ်ရမည်ဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။ နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် အမျိုးသားအဆင့်...
HomeNewsLocal Newsဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး...

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ

နေပြည်တော်၊ စက်တင်ဘာ ၂၂

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကြေညာခဲ့သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်သန်းကာ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ပင်လယ်ပြင်သို့ စီးဝင်သည့် အဓိကရေကြောင်းလမ်းမကြီးဖြစ်ပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြောင်း ဦးတင်ဌေးက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။

မြစ်အတွင်း တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေးအတွက် မြစ်ကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကြောင်းအမှတ်အသားများ တပ်ဆင်ခြင်း၊ ခေတ်မီရေကြောင်းလမ်းညွှန်စနစ်များ အသုံးပြုခြင်းနှင့် ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အဆိုတွင် တင်ပြထားသည်။

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ပါက ကုန်စည်ပို့ဆောင်ရေးစရိတ်များ လျော့ကျစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု အဆိုတင်သွင်းသူက ပြောကြားခဲ့သည်။

အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ပြည်သူ့လွှတ်တော်က သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးခဲ့သည့် မြန်မာ့တက်ဂ်ဘောအသင်းကို ကျပ်သိန်း ၂၄၀၀ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းကို စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၄၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောကစားသမား ခင်နှင်းဝေသည် အုပ်စုပွဲစဉ်များမှစတင်ကာ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်များတွင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲ၌ အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူကာ ရွှေတံဆိပ်...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားဟု နိုင်ငံတော်သမ္မတ ပြော

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပသည့် အမျိုးသားအဆင့် နျူကလီးယားစွမ်း အင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် SMR အခြေပြု အဏုမြူစွမ်း အင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားကာ နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက်လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာတစ်ရပ်ဖြစ်သည်ဟု ပြောသည်။ " မြန်မာနိုင်ငံရဲ့စွမ်းအင်မူဝါဒဟာ စွမ်းအင်ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်(Renewable Energy)၊ သဘာဝဓာတ်ငွေ့နဲ့တခြားရင်းမြစ်တွေကိုပေါင်းစပ်အသုံးပြုတဲ့ Mix Energy ကိုအခြေခံသင့်ပါတယ်"ဟု...

မြန်မာနိုင်ငံ၌ အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာ ကြား

မြန်မာနိုင်ငံ၌ အယ်လ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် နေ ပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်းကျဆင်းမှုများနှင့် ရေအရင်းအမြစ်ရှားပါးပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်၍ သောက်သုံးရေနှင့် စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရမည်ဟု မှာကြားသည်။ ထို့ပြင် ရေကိုစနစ်တကျအကျိုးရှိစွာအသုံးပြုစေရေးအတွက် အသိပညာပေးရန်၊ လိုအပ်ပါက မြစ်ချောင်းများတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကိုထိန်းသိမ်းရန်၊ ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းက စနစ်တကျဖြင့် စဉ်းစားပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားသည်။ ထို့အတူ မလိုအပ်ဘဲ သစ်ခုတ်ခြင်းများကိုတားမြစ်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းများကို စည်းရုံးအားပေးစိုက်ပျိုးဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက တိုက် တွန်းမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071