Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' Newsအားကစားရာသီ ဒီဇင်ဘာလနဲ့ ကိုယ်လက်လှုပ်ရှား...

အားကစားရာသီ ဒီဇင်ဘာလနဲ့ ကိုယ်လက်လှုပ်ရှား အားကစားအကြောင်း 

အခုချိန်ခါ ရောက်ရှိနေတာက ဒီဇင်ဘာလ။ အနီးစပ်ဆုံး မြို့တော်ရန်ကုန်မှာ သိပ်မအေးဘူးဆိုရင်တောင် ချမ်းစိမ့်စိမ့်အငွေ့အသက်လေးကို အနည်းငယ်ခံစားရမယ်ထင်ပါတယ်။ ဒီအချိန် အိပ်လို့မနေသင့်ဘူး။ အေးတော့အေးတယ်။ ဒါပေမဲ့ ပြေးသင့်တယ်။ ဒါဟာ ကျန်းမာရေးအတွက် သိပ်ကို ကောင်းမွန်ပြည့်စုံစေပါတယ်။ နယ်မှာနေတဲ့သူတွေဆို ဆောင်းတွင်းရဲ့ အငွေ့အသက်ကို ခံစားရတယ်။ ‘စောစောအိပ်လို့ စောစောထလို့ စောစောလမ်း လျှောက်ကြပါစို့’ဆိုတဲ့ သီချင်းလေး တောင်မကြားရတာကြာပြီ။ ၁၂လရာသီထဲမှာ ဒီရာသီဟာ  အားကစားလုပ်လို့အကောင်းဆုံးပဲ။ ဒီဇင်ဘာလ၊ ကိုယ်လက်လှုပ်ရှားအားကစားနဲ့ပတ်သက်လို့ အနုပညာရှင်တွေ ဘယ်လိုလှုပ်ရှားဖြစ်နေလဲ၊ သူတို့ဘာတွေပြောကြလဲဆိုတာကို ပေါ်ပြူလာက မေးမြန်းစုစည်း တင်ဆက်ဖြစ်ခဲ့ပါတယ်။

ကျော်ကျော်ဗို

အားကစားလုပ်တာကလည်း ကိုယ့်ကိုယ်ကိုယ် င်္ငအ ဖြစ်အောင်၊ တော်ရုံရော ဂါတွေမဝင်အောင်၊ ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပေးနိုင်တယ်။ လူတွေက ကျန်းမာချင်တာထက် ကျန်းမာအောင် ကြိုတင်ပြုမူနေထိုင်တာအကောင်း ဆုံးပါ။ လူဆိုတာကတော့ တစ်နေ့မှာ အို၊ နာ၊ သေကြရမှာပါပဲ။ ဒါပေမဲ့ မအို ခင်မှာ ကျန်းမာရေး ကောင်းမွန်အောင်နေထိုင်တော့ အိုတဲ့အချိန်ကို ဆွဲဆန့် လို့ရတာပေါ့။ အမှန်ကတော့ ဒီဇင်ဘာလမှ မဟုတ်ပါဘူး။ အမြဲတမ်း ကျန်းမာ ရေးအတွက် ပုံမှန်လေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်တာကတော့ အကောင်း ဆုံးပါပဲ။ Gym မသွားဖြစ်ဘူးဆိုတာက အဓိက ကတော့ ရန်ကုန်မြို့မှာက တစ်နေရာက တစ်နေရာသွားဖို့ကသိပ်အဆင်မပြေလှဘူး။ လူကို လေးလံ ထိုင်းမှိုင်းစေတယ်။ Gym သွားရမယ့်အချိန်အတိအကျကြီးကို စိတ်ထဲမှာ မှတ်နေရမှာရယ် တွေကြောင့် ကိုယ့် ဘာသာကိုယ် အိမ်မှာပဲကစားဖြစ်နေ တာပါ။ Gym မှာ ဆိုရင်တော့ ပိုပြီးစနစ်ကျတာပေါ့။ Gym သွားဖို့က လမ်းမှာ တင် Energy က ကုန်သွားရော။ အားကစားလုပ်ရင်လည်း ကိုကြံ့ကအိမ်မှာပဲ ဗိုက်ကြွက်သား တက်ချင်ရင် ဗိုက်လေ့ကျင်ခန်းလေး လုပ်တယ်။

 ကြက်ဖ

အရင်တုန်းကတော့ ကန်ပေါင်အထိကို လမ်းလျှောက်လိုက်၊ ပြေးလိုက် သွားတယ်။ ကန်ဘောင်ရောက်ရင်လည်း လမ်းလျှောက်လိုက်၊ ပြေးလိုက်ပဲ။ ငယ်ငယ်တုန်းက ချာတိတ်ပိစိလေးကနေ ၉ တန်း၊ ၁ဝတန်း အရွယ်လောက် အထိကတော့ မနက်အစောကြီး လမ်းလျှောက်ဖို့သွားဖြစ်တယ်။ နောက်ပိုင်း နည်းနည်း ညမအိပ် တတ်တဲ့အကျင့်ဖြစ်လာတော့ မနက် မိုးလင်းမှ ပျင်းလို့ ကန်ပေါင်ကိုသွားတယ်။ ငယ် ဘဝကတော့ များသောအားဖြင့် မနက်အစောကြီးတစ်ခေါက်သွားတယ်။ ပြီးရင် အိပ်တယ်။ ညနေနိုးလာတယ်။ အဲဒီကိုပဲပြန်သွားတယ်။ အဲဒီလိုပေါ့။ ကျန်းမာ ရေးဆိုတာကတော့ အမြဲတမ်းလုပ်နေရတာပဲ။ အမြဲတမ်းလိုက်စားနေကြတာပဲ။ အဲဒီမှာမှ ဒီဇင်ဘာလကတော့ လုပ်လို့အကောင်းဆုံးပေါ့။ ဖီလင်ချင်းမတူဘူးပေါ့။ အေးချမ်းတဲ့သဘော၊ အေးချမ်းတဲ့အရသာ၊ အေးချမ်းတဲ့ဖီလင်ပေါ့။ ပြီးရင် လည်း နှစ်တစ်နှစ်ကို ကူးပြောင်းသွားတဲ့အခါမှာ ဒီလိုအေးအေးချမ်းချမ်းလေးနဲ့ ကူးပြောင်းသွားတဲ့ ဖီလင်လေးရတယ်ပေါ့။ဲ.

J Fire

မန္တလေးစတိုင်ကတော့ စက်ဘီးနင်းတာပေါ့နော်။ ကျွန်တော်တောင်အခု စက်ဘီးလေးတစ်စီးလက်ဆောင်ရထားတယ်။ အဲဒါကို နင်းနေတာပေါ့နော်။ အမြဲတမ်းထွက် ထွက်ပြီးတော့။ စက်ဘီးနင်းတာ ကတော့ ပျော်စရာကောင်းတယ်။ ပြီးကျတော့ အားရင်တောင်တက်တယ်။ မတက်ရင် Gym ဆော့တယ်။ ပြီးရင် သီချင်းလုပ်ပေါ့နော်။ ဒီအတိုင်းလေးပဲ ဖြတ်သန်းနေတာဗျ။ ဒီဇင်ဘာကိုလေ။ ဒီဇင်ဘာလက ကျွန်တော့်ရဲ့ အကြိုက်ဆုံးရာသီထဲမှာပါတယ်ဗျ။

ဘေဘီမောင်

အခုဒီနှစ်ဒီဇင်ဘာကတော့ ရန်ကုန်ဆိုရင်ဖြေစရာစကားတောင်မရှိတော့ ပါဘူး။ အရင်လိုလည်းမအေးဘူးလေ။ ကိုယ်ကတော့ ဒီဇင်ဘာလကတခြားမြို့ တွေလိုအေးတယ်ဆိုရင် long coat အရှည်လေးတွေနဲ့ လည်ရှည်ဖိနပ်လေးတွေ ဝတ်ပြီးရှိုးထုတ်လို့ရတာပေါ့။ အခုကမအေးတော့ ဒီလိုတွေဝတ်ရင် ဝိုင်းရယ်ကြ မှာပဲ။ ဒါပေမဲ့ ဒီဇင်ဘာလဆိုရင် လူတိုင်းကနှစ်သက်ကြတယ်။ အေးချမ်း တယ်ပေါ့နော်။ ဘေဘီလည်းအရင်ကဆို ဒီဇင်ဘာလမှာ အပြင်ထွက်ပြီး အား ကစားလုပ်တယ်။ ရန်ကုန်မှာနေတဲ့လူတွေလည်း ကန်တော်ကြီးဘက်သွားပြီး လမ်းလျှောက်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေကိုတွေ့ရတယ်။ လူငယ်တွေ ဆိုရင်လည်း သူငယ်ချင်းတွေနဲ့ မနက်စောစောမှာ ကြက်တောင်ရိုက်ကြတာ တွေရှိတယ်။ ညီမကိုယ်တိုင်လည်း လမ်းလျှောက်တာတို့၊ ပြေးတာတို့၊ စက်ဘီး စီးတာတို့လုပ်တယ်။ အားကစားဆိုတာမျိုးကတော့ ဆောင်းရာသီမှမဟုတ်ပါဘူး။ ဘယ်ရာသီမှာပဲလုပ်လုပ်ပါ။ မိုးရာသီကလွဲလို့ ကျန်တဲ့ဘယ်အချိန်မှာ မဆို အား ကစားလုပ်လို့ရတယ်။ ဘေဘီကတော့ အခုလက်ရှိမှာ စီးပွားရေးလုပ်ရတာ တွေရော၊ ကားရိုက်တွေလည်းရှိတော့ အိပ်ခန်းထဲမှာပဲပြေးဖြစ်နေတယ်။ ဘယ်နှစ်ပတ်လဲတောင်မသိဘူး။(ရယ်လျက်)ှ

Sophia Everest

ပုံမှန်အားဖြင့်ဆိုရင်တော့ ညီမ Gym  ပဲသွားဖြစ်ပါတယ်။ ရေကတော့ ငယ်ငယ်လေးကတည်းက ကူးဖြစ်နေတာဆိုတော့ ရေကူးဖြစ်တယ်။ Gym ဆော့ဖြစ် တယ်။ ညီမအိမ်က ၃နှစ်သမီးကတည်းက ရေကူးသင်ပေးထားတော့ ငယ်ငယ် ကတည်းက မနက် ၆နာရီဆိုရင် ရေကူးကန်ထဲ ရောက်နေပြီ။ အဲဒီ ကတည်းက စပြီးတော့ သင်ဖြစ်တာ။ လမ်းတော့ မလျှောက်ဖြစ်ဘူး။ ရေကူးတာကတော့ ၈ တန်းလောက်အထိကူးဖြစ်တယ်။ ပြိုင်ပွဲတွေဝင်တယ်။ ရေကူးတဲ့ အားကစား ကတော့ အဓိကထားပြီးလုပ်ဖြစ်တယ်။ Gym တော့ ငယ်ငယ်တုန်းက မဆော့ ဖြစ်ဘူး။ အားကစားနဲ့ပတ်သက်ပြီးဆိုရင် ဒီဇင်ဘာလက ရန်ကုန်မှာတော့ သိပ်တော့မအေးဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အားကစားလုပ် နေတာက တော့ ဘယ်လရယ်မှ မဟုတ်ဘူး။ လုပ်နေရင် ပိုကောင်းတယ်။ အသက်အရွယ် မရွေးပေါ့နော်။ ဒီဇင်ဘာလကတော့ အကောင်းဆုံးပေါ့။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071