Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeEntertainmentအကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့်...

အကယ်ဒမီမင်းဦး ပွဲဦးထွက် ရိုက်ကူးမယ့် ချူဆီ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး၊ ဒါရိုက်တာ အကယ်ဒမီမင်းဦး  ပွဲဦးထွက် ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲနဲ့  အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့  တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲက Park Royal Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ တစ်နှစ်တာကာလအတွင်းမှာ သူငယ်၊ စရိုက်၊ ကြယ်၊ ဂန္ထဝင်အငြိုး စတဲ့ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူးခဲ့ပြီး အခု ရိုက်ကူးမယ့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားကတော့ ၅ ကားမြောက် ရုပ်ရှင် ဇာတ်ကားဖြစ်ကြောင်း သိရပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာတော့ ‘သူငယ်’ ရုပ်ရှင်ဇာတ်ကားတစ်ကားသာ ရုံတင်ပြသထားနိုင်သေးပြီး ခုလို ပွဲဦးထွက် ဇာတ်ကားမှာပဲ ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ ရိုက်ကူးမယ့် ချူဆီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းဦးက…..

“အောင်ခေတ်မင်း ထုတ်လုပ်ရေးက ကိုစည်သူတို့ဆိုတာက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းပါ။ သူငယ်ချင်းတို့ ယုံကြည်တဲ့အတိုင်း အကောင်းဆုံး ကြိုးစားရိုက်ကူးသွားမှာပါ။ ကျွန်တော့်ကို ယုံကြည်စွာနဲ့ လက်တွဲပေးတဲ့ ညီလေး ကျော်ထက်အောင်နဲ့ မင်းသမီးတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတစ်ခုရလာပြီဆိုရင် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းတိုင်ပင်ကြပါတယ်။ နောက်ဆုံး ဒါရိုက်တာ တွေစဉ်းစားရင်းနဲ့ မင်းဦးရေ မင်းဒါတော့ လုပ်သင့်တယ်ထင်တယ်။ ရိုးရိုးမင်းသားတစ်ယောက် မင်းသမီး တစ်ယောက် မဟုတ်ပဲ မင်းသမီးတွေ အများကြီးနဲ့ သရုပ်ဆောင်တွေ အများကြီးပါတယ်။

စိန်ခေါ်မှုလည်းပို ဖြစ်မယ်။ မင်းအတွက်လည်း တစ်ခုခု ဖြစ်သွားမယ်ဆိုတော့ ဇာတ်လမ်းလည်း ကြိုက်တာနဲ့ ရိုက်ကူးဖြစ်သွားတာပါ။ ကျွန်တော် ဒီဇာတ်ကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ ကျော်ထက်အောင်၊ ကိုကိုလင်းမောင်၊ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊ နန်းဆုဦး၊ မေနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071