Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeArticlesလူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့်...

လူသားတို့အတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုလာစေမလား ဆက်လက်စောင့်ကြည့်ရဦးမည့် AI နည်းပညာ (အပိုင်း၇)

နောက်ဆိုရင် သင့်အနေနဲ့ မိတ်ဆွေသစ်တစ်ဦးနဲ့ဖြစ်စေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်သစ်တစ်ဦးဦးနဲ့ဖြစ်စေ Online ကနေ စကားပြောတဲ့အခါမှာ သင်နဲ့စကားပြောနေတဲ့သူဟာ တကယ့်လူ အစစ်အမှန်ဟုတ်မဟုတ်ဆိုတာကို ထည့်သွင်းစဉ်းစားရပါတော့မယ်။

မသမာသူအချို့ဟာ အခုဆိုရင် Open AI ရဲ့ကုတ်တွေနဲ့ရေးထားတဲ့ Malware တွေကိုသုံးပြီး Online မှာ စကားပြောနေတဲ့သူဟာ မိန်းကလေးတစ်ဦးပါလို့ ယုံကြည်အောင် ဖန်တီးဖို့အတွက် စတင် စီစဉ်နေပြီလို့သိရပါတယ်။

ဆိုက်ဘာရာဇဝတ်သားတွေဟာ ဟက်ကင်းလုပ်နိုင်တဲ့ကိရိယာတွေကို မြန်မြန်ဆန်ဆန် တီထွင်ဖို့အတွက် Open AI ရဲ့ ဉာဏ်ရည်တု chatbot ChatGPT ကို စတင်အသုံးပြုနေကြပြီလို့လည်း ဆိုက်ဘာလုံခြုံရေးသုတေသီတွေက သတိပေးခဲ့ပါတယ်။

လိမ်လည်သူတွေဟာ chatbot တွေကို တကယ့်ပြင်ပမှာရှိတဲ့ မိန်းကလေးအသွင်အယောင်ဆောင်ခိုင်းပြီး လိမ်လည်ရာမှာအသုံးပြုဖို့ စီစဉ်နေကြပြီလို့ Hold Security လို့အမည်ရတဲ့ ဆိုက်ဘာစုံစမ်းထောက်လှမ်းရေးကုမ္ပဏီ တည်ထောင်သူဖြစ်တဲ့ Alex Holden က ဆိုပါတယ်။

ChatGPT ကိုစတင်မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒီ App ဟာ အသုံးပြုသူတွေကို စပိုင်လုပ်ထောက်လှမ်းနိုင်စွမ်းရှိပြီး ဗိုင်းရပ်လိုမျိုးအန္တရာယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကိုတောင် ရေးပေးနိုင်စွမ်းရှိကြောင်း သိသွားတဲ့နောက်မှာတော့ လူတွေရဲ့စိုးရိမ်မှုတွေဟာ ပိုပြီးမြင့်တက်လာခဲ့ပါ တယ်။

ဟက်ကာတစ်ဦးဟာ ChatGPT ကိုသုံးပြီး Android Malware တစ်ခုကိုရေးကာ ကွန်ရက်ပေါ်မှာ ပြန်ဖြန့်ခဲ့ပါတယ်။ အဲ့ဒီ Malware က ကွန်ပျူတာထဲမှာ အလိုအလျောက် Install လုပ်ပြီး ကွန်ပျူတာကိုလည်း ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်တယ်လို့ Check Point လို့အမည်ရတဲ့ အစ္စရေးလုံခြုံရေးကုမ္ပဏီကဆိုပါတယ်။

ဒါ့အပြင် မသမာသူတွေ၊ ရာဇဝတ်သားတွေအနေနဲ့လည်း Dark Web ဈေးကွက်မှာသုံးမည့် Code တွေကိုရေးဖို့အတွက် ChatGPT ကိုအလွဲသုံးစားအသုံးပြုလာနိုင်ပါတယ်။

ဉာဏ်ရည်တုနည်းပညာကို အထက်မှာဖော်ပြခဲ့သလိုမျိုးအလွဲသုံးစားလုပ်လာနိုင်တဲ့အန္တရာယ်တွေရှိလာတာနဲ့အတူ နည်းပညာနယ်ပယ်ထဲက ပညာရှင်တွေဟာ AI ဉာဏ်ရည်တုနည်းပညာ စမ်းသပ်မှုတွေကို ၆ လလောက်ရပ်ထားပေးဖို့တောင်းဆိုထားတဲ့ အိတ်ဖွင့်စာတစ်စောင်‌ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

စည်းကမ်းဥပဒေမဲ့ ဉာဏ်ရည်တုနည်းပညာကိုစမ်းသပ်အသုံးပြုခြင်းက လူသားမျိုးနွယ်တွေကို အကျိုးပြုစေတာထက် အန္တရာယ်တွေဆီကို မြန်မြန်ဆန်ဆန်တွန်းပို့နေသလိုဖြစ်နေပါတယ်။

AI ကို သုတေသနပြုလုပ်နေတဲ့ ကုမ္ပဏီတွေဟာ ဘယ်သူကမှ နားမလည်နိုင်၊ ကြိုတင်မခန့်မှန်းနိုင်၊ ထိန်းချုပ်လို့မရနိုင်တဲ့ ဒစ်ဂျစ်တယ်စိတ်တစ်မျိုးကို အပြိုင်အဆိုင်တီထွင်နေကြတဲ့ ယှဉ်ပြိုင်မှုတွေထဲမှာ ပိတ်မိနေပြီဖြစ်ပါတယ်။

တကယ်လို့ ပညာရှင်တွေတောင်းဆိုထားတဲ့ ဉာဏ်ရည်တုစမ်းသပ်မှု ခေတ္တရပ်တန့်ထားရေးအဆိုကိုမြန်မြန်ဆန်ဆန်သာ မပြဌာန်းနိုင်ခဲ့ရင်တော့ အစိုးရတွေအနေနဲ့ တားဆီးဆိုင်းငံ့ထားသင့်ပါတယ်။

ပညာရှင်တွေတောင်းဆိုထားတဲ့ဒီစာဟာ အနာဂတ်မှာ လူသားတွေအတွက် ပျက်စီးမှုတွေရှိလာနိုင်တာကို သတိပေးနေတာဖြစ်တယ်လို့ NBC သတင်းဌာနကလည်းဆိုထားပါတယ်။ အိတ်ဖွင့်စာမှာ လက်မှတ်ရေးထိုးကြသူတွေထဲမှာ Space X နဲ့ Tesla CEO ဖြစ်သူ Elon Musk, Apple ပူးတွဲတည်ထောင်သူ Steve Wozniak, IBM ရဲ့ ပညာရှင် Grady Booch , Satbility AI ရဲ့ CEO ဖြစ်သူ Mostaque နဲ့ Tristan Harris အပြင် Stuart Russell လိုမျိုး စာပေနယ်ပယ်က ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဥာဏ်​ဝေ

Ref:
https://i-hls.com/archives/118762 and https://i-hls.com/archives/118811

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071