Home Movies အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

0
70

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း နေပြည် တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Kluger ကားသည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက် ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်မြေသား​လမ်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး(၂)ဦးသေဆုံးကာ အမျိုးသား၊ အမျိုးသမီး(၃)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မေ ၂၄ ရက်ည ၉ နာရီ ၅၀ မိနစ်ခန့်ကလည်း နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အမျိုးသားတစ်ဦးတည်းမောင်းနှင်လာသည့် Mark II Blitz Hatchback ကားသည် မိုင်တိုင်အမှတ် ၃၂/၀ နှင့် ၃၂/၁ ကြားအရောက် ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး တံတားထိပ်ရှိ Guard Post တိုင်များနှင့် တံတားလက်ရမ်းအားတိုက်မိပြီး လမ်းလယ်ကျွန်းတွင်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ယင်းအချိန်၌ပင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Hiace ကားသည် မိုင်တိုင်အမှတ် ၂၃၇/၅ နှင့် ၂၃၇/၆ ကြားအရောက် အ ရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို​ကျော်တက်၍ တစ် ဖက်ယာဉ်ကြောမှမျက်နှာချင်းဆိုင်​မောင်းနှင်လာ​သော Harrier ကားအားဝင်တိုက်မိခဲ့သဖြင့် Hiace ကားပေါ်မှ အမျိုးသား၊ အမျိုးသမီး(၄)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

ထို့အတူ မေ ၂၃ ရက်နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၂၄/၄ နှင့် ၂၂၄/၅ ကြားလမ်းဘေးတွင်ရပ်ထားသော Bongo ကားအား လားရာတူမောင်းနှင်လာသည့် Fuso (၆)ဘီးကားက အနောက်မှဝင်တိုက်မိခဲ့သဖြင့် Bongo ကားပေါ်မှ အမျိုးသား(၃)ဦး၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here