အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ – ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။
လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ အာဆီယံဒေသတွင်း အင်အားကြီးအသင်းများဖြင့် အင်ဒိုနီးရှား (အိမ်ရှင်)၊ ဗီယက်နမ်၊ တီမောတို့ဖြင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
မြန်မာအသင်း၏ ပထမဆုံးအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ(၁)ရက် မြန်မာစံတော်ချိန် ည (၇) နာရီခွဲအချိန်၌ အိမ်ရှင်အင်ဒိုနီးရှားအသင်းနှင့် စတင်ရင်ဆိုင်ရမည်ဖြစ် ကြောင်းသိရသည်။