Saturday, June 20, 2026

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုဖြစ်ပေါ်နေ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရေဝင်ရောက်နေ...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ရင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ရေလျှံမှုများဖြစ်ပေါ်ကာ ယနေ့ ဇွန် ၂၀ ရက်ညနေ ၄ နာရီကျော်ခန့်မှစတင်၍ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရှိ...

ကရင်ပြည်နယ်၌ ဆရာ၊ ဆရာလိုအပ်ချက်ဖြည့်ဆည်းရန် ၄၀၀...

ကရင်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ မလုံလောက်သည့်စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ ၄၀၀ကျော်ခန့်အပ်ရန် ရှိကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ထံမှ သိရသည်။ အဆိုပါအစီအစဉ်အရ...

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌...

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက်...

မိုးကောင်းမြို့၌ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက်...

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...
HomeMoviesရန်ကုန်တွင် ကျင်းပမည့် AYA...

ရန်ကုန်တွင် ကျင်းပမည့် AYA Bank Tri Nations Cup ၌ မြန်မာ၊ ထိုင်းနှင့် ဥဇဘက်ကစ္စတန် အမျိုးသမီးအသင်းများ အုပ်စုပတ်လည် ယှဉ်ပြိုင်မည်မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် နိုင်ငံတကာ အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်သည့် AYA Bank Tri Nations Cup 2026 (International Women’s Friendly Matches) ကို လာမည့် ဇွန်လ (၁) ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့၌ ခမ်းနားစွာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအမျိုးသမီးအသင်းနှင့်အတူ အာရှအဆင့် ထိပ်တန်းအသင်းများဖြစ်သည့် ထိုင်းအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို သုဝဏ္ဏအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲပုံစံမှာ အသင်း (၃) သင်းစလုံး တစ်သင်းနှင့်တစ်သင်း အပြန်အလှန် ယှဉ်ပြိုင်ရမည့် Round Robin (အုပ်စုပတ်လည်) စနစ်ဖြင့် ကျင်းပမည် ဖြစ်သည်။

ယှဉ်ပြိုင်မည့် ပွဲစဉ်ဇယားများမှာ –

ဇွန်လ (၁) ရက် (ညနေ ၅ နာရီ): မြန်မာ နှင့် ဥဇဘက်ကစ္စတန်

ဇွန်လ (၄) ရက် (ညနေ ၄ နာရီ): ဥဇဘက်ကစ္စတန် နှင့် ထိုင်း

ဇွန်လ (၇) ရက် (ညနေ ၅ နာရီ): မြန်မာ နှင့် ထိုင်း

လက်ရှိ ကမ္ဘာ့အဆင့် (၅၅) နေရာတွင် ရှိနေသည့် မြန်မာအမျိုးသမီးအသင်းအတွက် အဆင့် (၅၀) ရှိ ထိုင်းအသင်းနှင့် အဆင့် (၅၁) ရှိ ဥဇဘက်ကစ္စတန်အသင်းတို့ကဲ့သို့ အင်အားတောင့်တင်းသည့် ပြိုင်ဘက်များနှင့် ခြေစမ်းခွင့်ရခြင်းမှာ အလွန်ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ယာယီနည်းပြချုပ် ဒေါ်စန်းစန်းသိန်း က ဦးဆောင်ကိုင်တွယ်လျက်ရှိပြီး လက်ရှိတွင် ပဏာမကစားသမား (၃၅) ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။ ပြည်ပကလပ်များတွင် သွားရောက်ကစားနေသည့် ဝါရင့်ကစားသမားများသည်လည်း မေလဆန်းပိုင်းတွင် အသင်းနှင့် လာရောက်ပူးပေါင်းရန် ရှိနေကြောင်း သိရသည်။

ပရိသတ်များအနေဖြင့် စိတ်လှုပ်ရှားဖွယ် ခြေစမ်းပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများနှင့် YouTube Channel များမှတစ်ဆင့် တိုက်ရိုက် (Live) ကြည့်ရှုအားပေးနိုင်မည် ဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုဖြစ်ပေါ်နေ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရေဝင်ရောက်နေ ရေဘေးသင့်သူများကိုရွှေ့ပြောင်းပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ရင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ရေလျှံမှုများဖြစ်ပေါ်ကာ ယနေ့ ဇွန် ၂၀ ရက်ညနေ ၄ နာရီကျော်ခန့်မှစတင်၍ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရှိ နေအိမ်များအတွင်းသို့ ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းသို့ ချောင်းရေဝင်ရောက်နေသဖြင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ Speed Boad (၁)စီး၊ ရာဘာလှေ(၁)စီး၊ Fiber လှေ(၂) စီး၊ သစ်သားလှေ(၃)စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းများသို့ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ မိုးဇလ၏အသိပေးချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်(၁)ပေခန့်ကျော်လွန်နေပြီး...

ကရင်ပြည်နယ်၌ ဆရာ၊ ဆရာလိုအပ်ချက်ဖြည့်ဆည်းရန် ၄၀၀ ကျော် ခန့်အပ်မည်

ကရင်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမ မလုံလောက်သည့်စာသင်ကျောင်းများ၌ ဆရာ၊ ဆရာမ ၄၀၀ကျော်ခန့်အပ်ရန် ရှိကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစသိန်းကျော်ထံမှ သိရသည်။ အဆိုပါအစီအစဉ်အရ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ၊ ဆရာမ ၄၀၀ ကျော် ခန့်အပ်သွားမည်လည်း ဖြစ်သည်။ ထို့အပြင် (ဇွန် ၁၈) က ကျင်းပခဲ့သည့် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လှိုင်းဘွဲ့ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွေးလွင်က ပိုင်ကျုံမြို့နယ်ခွဲ၊ ထန်းတပင်ကျေးရွာအုပ်စုက အ.မ.က မဲသပုံကျောင်း၌ မူလတန်းပြ ဆရာ၊ ဆရာမ မလုံလောက်ခြင်းကြောင့် တိုးမြှင့်ခန့်ထားပေးရန်...

စာရေးဆရာ မင်းခိုက်စိုးစန် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာ မင်းခိုက်စိုးစန်သည် အမေရိကန်ရှိ နေအိမ်၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ မြန်မာစံတော်ချိန်သည် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်သည်။ အမည်ရင်း ကိုကျော်စိုးဖြစ်ကာ ၁၉၇၂ ခုနှစ်စက်တင်ဘာလ ၁၈ ရက်နေ့၌ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071