Saturday, June 20, 2026

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊ ယခုနှစ်အတွင်း...

သီရိလင်္ကာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရောဂါကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ...

ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး...

ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ကုန်တင်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားတွဲအချို့မှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်...

“သဘာဝဘေးတုံ့ပြန်ရေး အသင့်ဖြစ်စေရန် ကန်တော်ကြီးတွင် မီးသတ်နှင့်...

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးဆောင်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန် ၂၀ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး...

မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့်...

​ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်တွင် လေပြင်းတိုက် ခတ်ခြင်းအပါအဝင် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ...
HomeMoviesနန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုဖြစ်ပေါ်နေ မိုးကောင်းမြို့ရှိ...

နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေလျှံမှုဖြစ်ပေါ်နေ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရေဝင်ရောက်နေ ရေဘေးသင့်သူများကိုရွှေ့ပြောင်းပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ရင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ရေလျှံမှုများဖြစ်ပေါ်ကာ ယနေ့ ဇွန် ၂၀ ရက်ညနေ ၄ နာရီကျော်ခန့်မှစတင်၍ မိုးကောင်းမြို့ရှိ ရပ်ကွက်(၄)ခုအတွင်းရှိ နေအိမ်များအတွင်းသို့ ချောင်းရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းသို့ ချောင်းရေဝင်ရောက်နေသဖြင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ Speed Boad (၁)စီး၊ ရာဘာလှေ(၁)စီး၊ Fiber လှေ(၂) စီး၊ သစ်သားလှေ(၃)စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေဘေးသင့်အိမ်ထောင်စုများအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းများသို့ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မိုးဇလ၏အသိပေးချက်အရ နန့်ယင်းချောင်းရေသည် မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်(၁)ပေခန့်ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်ပြီး နန့်ကောင်းချောင်းရေသည်လည်း မိုး ကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ပေဝက်ခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မိုးကောင်းမြို့၏ ရပ်ကွက်(၄)ခုအတွင်းသို့ ချောင်းရေများဝင်ရောက်လျက်ရှိ၍ ယင်း ရပ်ကွက်များအတွင်းနေထိုင်သူများကို ရေဘေးယာယီကယ် ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီရိလင်္ကာတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၊ ယခုနှစ်အတွင်း လူနာ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးရှိ

သီရိလင်္ကာနိုင်ငံတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု သိသိသာသာမြင့်တက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရောဂါကူးစက်ခံရသူ ၄၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၈ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် အစိုးရဆေးရုံများတွင် လူနာများပြားလာကာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံတွင် မိုးရာသီကာလများ၌ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျွန်းနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုက်ကလုန်းမုန်တိုင်း “ဒစ်ဝါ” ကြောင့် ဖြစ်ပေါ်ခဲ့သော ရေဝပ်ဒေသများနှင့်...

ဂျာမနီတွင် ကုန်တင်ရထားနှစ်စင်းတိုက်မိ၊ တံတားပေါ်မှ ရထားတွဲများပြုတ်ကျပြီး လူတစ်ဦးသေဆုံး

ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီးရှိ တံတားတစ်စင်းပေါ်တွင် ကုန်တင်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ပြီး ရထားတွဲအချို့မှာ တံတားအောက်ရှိ လမ်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတစ်စင်း၏ ကုန်တွဲနှစ်တွဲမှာ တံတားပေါ်မှ အောက်ဘက်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။ ရထားနှစ်စင်း တိုက်မိရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း အတိအကျအခြေအနေများကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ရထားများတွင် တင်ဆောင်လာသည့်...

“သဘာဝဘေးတုံ့ပြန်ရေး အသင့်ဖြစ်စေရန် ကန်တော်ကြီးတွင် မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးတွဲသရုပ်ပြ”

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးဆောင်၍ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြအခမ်းအနားကို ဇွန် ၂၀ ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီးရေပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပရဟိတစိတ်ဓာတ်၊ ကူညီကယ်ဆယ်လိုစိတ်၊ ရဲဝံ့စွန့်စားစိတ်နှင့် ပြည်သူကို ကယ်ဆယ်စောင့်ရှောက်ရမည့် တာဝန်သိစိတ်တို့ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071