Home Movies ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု YESC ထုတ်ပြန်

ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု YESC ထုတ်ပြန်

0
207

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ယနေ့ မနက် ပိုင်းတွင်  အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၂၄၉ မီဂါဝပ်ခန့် လျော့နည်းသွားပြီး မြို့နယ်အချို့တွင် ယာယီမီးပျက်တောက်မှုများ ရှိလာနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ၎င်းဓာတ်ငွေ့ဖြင့် လည်ပတ်နေသည့် အလုံ Toyo Thai GTG (1)၊ (2)၊ STG (110MW)၊ သာကေတ U-Energy GTG၊ STG (106MW) နှင့် သာကေတ Max Power (33MW) ဓာတ်အားပေးစက်ရုံများပါ လုပ်ငန်းခွင်ရပ်တန့်သွားခဲ့ရကြောင်း သိရသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံများ ရပ်တန့်သွားခဲ့ရခြင်းကြောင့် မဟာဓာတ်အားလိုင်းစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှုပမာဏ စုစုပေါင်း ၂၄၉ မီဂါဝပ်ခန့် ရုတ်တရက်လျော့နည်းသွားခဲ့ရခြင်း ဖြစ်သည်။

“ ကမာရွတ်မှာ နေ့လည်လောက်က ပြတ်သွားတာ ညနေ ၅ နာရီ တော့  ပြန်လာပြီ။ တချို့မြို့နယ်တွေတော့ တနေကုန်မီးလာတယ်။ ညနေပိုင်းကျမှ ခုနလေးက မီးပျက်သွားတာလည်း ကြားရတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦး ကပြောသည်။

ကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အားကို ယာယီဝန်အားထိန်းညှိခြင်း (မီးလှည့်ပိတ်ခြင်း) များ ပြုလုပ်သွားမည်ဖြစ်ကြောင်း YESC က အသိပေးထုတ်ပြန်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here