Wednesday, July 1, 2026

ခြင်ဆေးခွေထွန်းရာမှမီးလောင်မှုဖြစ်ပြီး (၂)လသားအရွယ်ကလေးငယ်သေဆုံးပြီး ဖခင်ဖြစ်သူမီးလောင်ဒဏ်ရာရရှိခဲ့မှု မြဝတီမြို့တွင်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က တဲအိမ်မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးမှုနှင့်...

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ဆိုက်ကပ်လာ

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘောသည် (၈)ကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့လည်ပိုင်းတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော...

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ...

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား -...

အထူးဒေသ (၄) က ငြိမ်းချမ်းရေးလမ်းစဉ်ကို...

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းက နှစ်ဆန်းပိုင်းတွင် ချမှတ်ထားခဲ့သည့် "ငြိမ်းချမ်းရေးကို ဦးထိပ်ထား၊ ပြည်သူ့အကျိုးကို အခြေခံထား၊ လက်တွေ့ဆောင်ရွက်ချက်ကို အုတ်မြစ်ထား"...
HomeMoviesမင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့်...

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ ရပ်ကွက်အများစု လျှပ်စစ်မီး ယာယီပြတ်တောက်

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ – မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား – AaAb ဖီဒါဓာတ်အားလိုင်းတွင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဓာတ်အားပြတ်တောက်မှု (အပြစ်ဖြစ်ပွားမှု) တစ်ခု ဖြစ်ပွားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ဓာတ်အားလိုင်း၌ အပြစ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းအပိုင်း (၅) ရှိ တာဝါတိုင်တွင် လျှပ်စစ်လိုင်းချိတ်ဆက်မှု (Connection) ပြတ်တောက်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လိုင်းပြတ်တောက်မှုကြောင့် ဓာတ်အားပြတ်တောက်သွားခဲ့ရသည့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန်အတွက် ရွှေပေါက္ကံ – မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းကာ ဓာတ်အားပြန်လည်ပေးထားကြောင်း YESC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ်အားလိုင်းအား မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ဓာတ်အားဖြန့်ဖြူးရေးဌာန၊ တည်ဆောက်ရေးအဖွဲ့တို့ ပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ယင်းသို့ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်နှင့် (ည) ရပ်ကွက်တို့မှအပ ကျန်ရှိသည့် ရပ်ကွက်များအားလုံးတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခြင်ဆေးခွေထွန်းရာမှမီးလောင်မှုဖြစ်ပြီး (၂)လသားအရွယ်ကလေးငယ်သေဆုံးပြီး ဖခင်ဖြစ်သူမီးလောင်ဒဏ်ရာရရှိခဲ့မှု မြဝတီမြို့တွင်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က တဲအိမ်မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တဲအိမ်တစ်လုံးတွင် ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် တဲအိမ်ပေါ် ပုခက်အတွင်းရှိနေသည့် (၂)လသားအရွယ်ကလေးငယ်မှာ မီးလောင်ခံရပြီးသေ ဆုံးသွားခဲ့ကာ ဖခင်ဖြစ်သူမှာလည်း ကလေးကိုကယ် ဆယ်ရာမှ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း...

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသည့် သင်္ဘော(၈)ကြိမ်မြောက်အဖြစ်ဆိုက်ကပ်လာ

LNG တန်ချိန် (၃)သောင်းကျော်တင်ဆောင်လာသော သင်္ဘောသည် (၈)ကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁ ရက်နေ့လည်ပိုင်းတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောသည် သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေ ၂၈ ရက်ကလည်း LNG တန်ချိန် (၃) သောင်းကျော်တင်ဆောင်လာသောသင်္ဘောသည် (၇) ကြိမ်မြောက်အဖြစ်ရောက်ရှိလာပြီးနောက် သီလဝါဆိပ် ကမ်းတွင်ဆိုက်ကပ်ထားသော CVE ဘေးကပ်၍ Gas များကိုဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံတာဝါတိုင် Connection ပြတ်တောက်မှုကြောင့် မြောက်ဥက္ကလာပရှိ ရပ်ကွက်အများစု လျှပ်စစ်မီး ယာယီပြတ်တောက်

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအား ရွှေပေါက္ကံ - မော်ကျွန်းခွဲရုံမှတစ်ဆင့် 33kV ဓာတ်အားလိုင်းဖြင့် အရေးပေါ်လွှဲပြောင်းပေးထား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် 33kV လှော်ကား - AaAb ဖီဒါဓာတ်အားလိုင်းတွင် ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဓာတ်အားပြတ်တောက်မှု (အပြစ်ဖြစ်ပွားမှု) တစ်ခု ဖြစ်ပွားခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အများစုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်အားလိုင်း၌ အပြစ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းအပိုင်း (၅) ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071