Wednesday, July 1, 2026

အထူးဒေသ (၄) က ငြိမ်းချမ်းရေးလမ်းစဉ်ကို...

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းက နှစ်ဆန်းပိုင်းတွင် ချမှတ်ထားခဲ့သည့် "ငြိမ်းချမ်းရေးကို ဦးထိပ်ထား၊ ပြည်သူ့အကျိုးကို အခြေခံထား၊ လက်တွေ့ဆောင်ရွက်ချက်ကို အုတ်မြစ်ထား"...

တီးတိန်မြို့နယ် ရှောင်စောန်းစံပြကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင်...

ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ယနေ့ မနက် ပိုင်းတွင်  အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု...

ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ တရုတ်...

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ လျာထားတဲ့ အချိန်ကာလအတွင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ စစ်တပ်ကို ခေတ်မီအောင် အပြီးသတ် တည်ဆောက်သွားမယ်လို့...
HomeMoviesဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများကို Digital...

ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထား

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းအနောက်ဘက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ (၄)ခန်းတွဲ (၄)ထပ်(အိပ် ခန်း ၂ ခန်းပါ)တိုက်ခန်းများအားဝယ်ယူရန်လျှောက် ထားသူများကို ယနေ့ ဇူလိုင် ၁ ရက်တွင် Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရသည်။

တိုက်ခန်းဝယ်ယူရန်လျှောက်ထားသူများကို Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တိုက်ခန်းများအား အစဉ်လိုက်မဲနှိုက်နေ ရာချထားပေးခဲ့ကာ မနက်ဖြန် ဇူလိုင် ၂ ရက်တွင်လည်း (၄)ခန်းတွဲ (၄)ထပ်(အိပ်ခန်း ၃ ခန်းပါ)တိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် ဆက်လက်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အိမ်ရာများကို မြို့နေပြည်သူလူထုအ တွက် အိမ်ရာလိုအပ်ချက်များရရှိရေး၊ မြို့နေပြည်သူ လူထု လူနေမှုဘဝအရည်အသွေး၊ အဆင့်အတန်းမြင့်မားရေးနှင့် နေပြည်တော်ကို Green City , Clean City , Smart City အဖြစ်ဖော်ဆောင်ရာတွင် စနစ်တကျ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်မြို့တော်ဖြစ်စေရန် အိမ်ရာများဖော်ထုတ်ရာတွင် အဆောက်အဦများအပြင် အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေ၊ မီးနှင့် စိမ်းလန်းသောဧရိယာများကိုလည်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများအား ၂၀၂၇ ခုနှစ်၊ ဇွန်လတွင်အပြီးတည်ဆောက်ကာ ၂၀၂၇ ခုနှစ်၊ ဇူလိုင်လတွင် တိုက်ခန်းဝယ်ယူထားသူ များထံအပ်နှံမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးဒေသ (၄) က ငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးစားပေးဆက်လက်ကိုင်စွဲမည်ဟု အတည်ပြု၊ အွန်လိုင်းငွေလိမ်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အရှိန်မြှင့်မည်ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို အခြေခံသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ဖြင့်ပင် ၂၀၂၆ ခုနှစ်၏ ဒုတိယနှစ်ဝက်...

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းက နှစ်ဆန်းပိုင်းတွင် ချမှတ်ထားခဲ့သည့် "ငြိမ်းချမ်းရေးကို ဦးထိပ်ထား၊ ပြည်သူ့အကျိုးကို အခြေခံထား၊ လက်တွေ့ဆောင်ရွက်ချက်ကို အုတ်မြစ်ထား" ဟူသည့် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာအတွေးအခေါ်အတိုင်း ပထမနှစ်ဝက်အတွင်း လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း အစီရင်ခံ ပြောကြားခဲ့သည်။ ရှုပ်ထွေးလာနိုင်သည့် မြေပြင်အခြေအနေများနှင့် အနာဂတ်မျှော်မှန်းချက်ဥက္ကဋ္ဌ ဦးထိန်လင်းက ရှေ့ဆက်လက်ကြုံတွေ့ရမည့် ဒုတိယနှစ်ဝက်ကာလအတွင်း မြေပြင်စစ်ရေး၊ နိုင်ငံရေး အခြေအနေများသည် ယခုထက်ပိုမို ရှုပ်ထွေးလာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ တာဝန်ရှိသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို မျက်ခြေမပြတ် သတိပြုစောင့်ကြည့်ကြရန် တိုက်တွန်းခဲ့သည်။ ၎င်းအပြင်...

တီးတိန်မြို့နယ် ရှောင်စောန်းစံပြကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၉၄ ဦး ပညာသင်ကြားလျက်ရှိ၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးချင်းပြည်နယ် တီးတိန်မြို့နယ်၊ ရှောင်စောန်းစံပြကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လက်ရှိအချိန်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၄ ဦး တက်ရောက်ကာ စာပေသင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါကျောင်းတွင်...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် တီးတိန်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းခွင်များဆီသို့ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့နယ်၊ စကောလမ်းရပ်ကွက်ရှိ စည်ပင်သာယာဈေးများနှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် ကျောင်းများ၏ အခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှောင်စောန်းစံပြကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ဆက်လက်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကျောင်းအုပ်ကြီးက လက်ရှိကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများနှင့် လိုအပ်ချက်များကို...

ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု YESC ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ယနေ့ မနက် ပိုင်းတွင်  အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၂၄၉ မီဂါဝပ်ခန့် လျော့နည်းသွားပြီး မြို့နယ်အချို့တွင် ယာယီမီးပျက်တောက်မှုများ ရှိလာနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ၎င်းဓာတ်ငွေ့ဖြင့် လည်ပတ်နေသည့် အလုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071