Wednesday, July 1, 2026

ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများကို Digital Spin...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းအနောက်ဘက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ (၄)ခန်းတွဲ (၄)ထပ်(အိပ် ခန်း ၂ ခန်းပါ)တိုက်ခန်းများအားဝယ်ယူရန်လျှောက် ထားသူများကို ယနေ့ ဇူလိုင်...

ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ယနေ့ မနက် ပိုင်းတွင်  အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင်...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ကြောင်း...

ဖောင်းပြင်မြို့နယ်၌ Placement Test ဖြေဆိုပြီးနောက် ...

ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့်မဆုံး ရှုံးစေရေးအတွက် Placement Test စာမေးပွဲများကို ဇွန် ၁၅ ရက်ကစတင်ဖြေဆိုရာ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှ ကျောင်းသား/သူ(၁၈၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထိုသို့...
HomeMoviesကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့...

ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ တရုတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်

တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်လာဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်သလို၊ လျာထားတဲ့ အချိန်ကာလအတွင်းမှာပဲ အမျိုးသားကာကွယ်ရေးနဲ့ စစ်တပ်ကို ခေတ်မီအောင် အပြီးသတ် တည်ဆောက်သွားမယ်လို့ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့်မီ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖြစ်လာအောင် အရှိန်အဟုန်မြှင့် တည်ဆောက်ရပါမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ စစ်တပ်တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားတွေကိုလည်း ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားရပါမယ်” လို့ တရုတ်သမ္မတက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောခဲ့တာပါ။

ဒါ့အပြင် “အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ဆိုရင် အင်အားတောင့်တင်းတဲ့ စစ်တပ်ရှိဖို့ လိုတယ်” ဆိုတာကို သူက အလေးအနက် ပြောကြားခဲ့ပြီး၊ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ မရှိဘဲနဲ့ အမျိုးသားလုံခြုံရေးဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်စစ်တပ် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကိုပဲ ခိုင်ခိုင်မာမာ လျှောက်လှမ်းရမှာဖြစ်ပြီး၊ နိုင်ငံရေး၊ နည်းပညာ၊ လူသားအရင်းအမြစ်နဲ့ ဥပဒေပိုင်းဆိုင်ရာ ကဏ္ဍတွေကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ပိုပြီးတော့ ပံ့ပိုးကူညီသွားရမယ်လို့ ရှီကျင့်ဖိန်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာအပိုင်း(၂)ရှိတိုက်ခန်းများကို Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထား

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းအနောက်ဘက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂)မှ (၄)ခန်းတွဲ (၄)ထပ်(အိပ် ခန်း ၂ ခန်းပါ)တိုက်ခန်းများအားဝယ်ယူရန်လျှောက် ထားသူများကို ယနေ့ ဇူလိုင် ၁ ရက်တွင် Digital Spin မဲစနစ်ဖြင့် မဲနှိုက်နေရာချထားပေးခဲ့ကြောင်း သိရသည်။ တိုက်ခန်းဝယ်ယူရန်လျှောက်ထားသူများကို Digital Spin မဲစနစ်ဖြင့် မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်တိုက်ခန်းများအား အစဉ်လိုက်မဲနှိုက်နေ ရာချထားပေးခဲ့ကာ မနက်ဖြန် ဇူလိုင် ၂ ရက်တွင်လည်း (၄)ခန်းတွဲ (၄)ထပ်(အိပ်ခန်း ၃ ခန်းပါ)တိုက်ခန်းများကို Digital Spin...

ရတနာကမ်းလွန်ဓာတ်ငွေ့ပလက်ဖောင်း အရေးပေါ်ပိတ်လိုက်ရသဖြင့် ရန်ကုန်မြို့နယ်များတွင်  ယာယီမီးပျက်နိုင်ဟု YESC ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား ယနေ့ မနက် ပိုင်းတွင်  အရေးပေါ်ပိတ်သိမ်းမှု (Shut Down) ပြုလုပ်ခဲ့ရသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၂၄၉ မီဂါဝပ်ခန့် လျော့နည်းသွားပြီး မြို့နယ်အချို့တွင် ယာယီမီးပျက်တောက်မှုများ ရှိလာနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပလက်ဖောင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ၎င်းဓာတ်ငွေ့ဖြင့် လည်ပတ်နေသည့် အလုံ...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပအတိုးတက်ဆုံး အားကစားသမားဆုများနှင့် ပြိုင်ပွဲဆုများ ချီးမြှင့်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး Recurve နှင့် Compound အမျိုးအစားများအတွက် Ranking Round၊ အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲများကို ကျင်းပခဲ့ပြီး အားကစားသမားများက ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲအပြီး ကျင်းပသည့် ဆုချီးမြှင့်ပွဲတွင် အမျိုးသား အတိုးတက်ဆုံးအားကစားသမားဆု ကို မောင်မျိုးသူရမျိုးဆက်ကလည်းကောင်း၊ အမျိုးသမီး အတိုးတက်ဆုံးအားကစားသမားဆု ကို မနီနီဝင်းကလည်းကောင်း ရရှိခဲ့ကြသည်။ ထို့ပြင် ၁၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071