ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က တဲအိမ်မီးလောင်မှုဖြစ်ပွားရာမှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တဲအိမ်တစ်လုံးတွင် ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် တဲအိမ်ပေါ် ပုခက်အတွင်းရှိနေသည့် (၂)လသားအရွယ်ကလေးငယ်မှာ မီးလောင်ခံရပြီးသေ ဆုံးသွားခဲ့ကာ ဖခင်ဖြစ်သူမှာလည်း ကလေးကိုကယ် ဆယ်ရာမှ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကလေးငယ်၏ရုပ်အလောင်းနှင့် မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဖခင်ဖြစ်သူတို့အား Z-Rescue အ ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြဝတီမြို့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်ကလည်း မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်တစ် လုံးတွင်မီးလောင်မှုဖြစ်ပွားပြီး အသက်(၁)နှစ်အရွယ် ကလေးငယ်နှင့် အသက်(၁၄)နှစ်အရွယ်ကလေးငယ်တို့သေဆုံးခဲ့ပြီး အသက်(၇၅)နှစ်အရွယ်ရှိ အမျိုးသားကြီး (၁)ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သောဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
