Sunday, June 14, 2026

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ...

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ...

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန်...

​ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စု(B)ဖွင့်ပွဲစဉ်တွင် အိမ်ရှင် ကနေဒါနှင့်...

​၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ် စု(B) အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁) ဂိုးစီ...
HomeNewsLocal Newsမြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီကို...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီကို နှစ်ကျော့စနစ်ဖြင့် ပွဲစဉ်ပေါင်း (၉၀) ဖြင့်ကျင်းပမည်၊ ပထမအကျော့ ပွဲစဉ်ဇယား ယနေ့ ထုတ်ပြန်​​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့က ကြီးမှူးကျင်းပမည့် Myanmar Women’s League 2026-27 ဘောလုံးရာသီအ တွက် ပထမအကျော့ ပွဲစဉ်ဇယားကို ယနေ့တွင် တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

​ယခုနှစ် ဘောလုံးရာသီကို နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တစ်ရာသီလုံးတွင် ပွဲစဉ်စုစုပေါင်း (၉၀) ပါဝင်မည် ဖြစ်ဖြစ်ကြောင်း ယနေ့တွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးထား သည်။

ပြိုင်ပွဲကာလကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၈) လကြာ သတ်မှတ်ထားပြီး ကလပ်အသင်းသစ် (၂) သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီတို့ အပါအဝင် စုစု ပေါင်း ကလပ်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

​ပွဲစဉ် (၁) အဖွင့်ပွဲစဉ်များ ဆုံတွေ့မှုအဖြစ်
​ရှမ်းယူနိုက်တက်အက်ဖ်စီ နှင့် ISPE FC ၊
​Young Lionesses FC နှင့် မြဝတီအက်ဖ်စီ၊​ရန်ကုန်ယူနိုက်တက်အက်ဖ်စီနှင့်ရတနာပုံအက်ဖ်စီ၊ ​ရန်ကုန်စီးတီးအက်ဖ်စီ နှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ၊ ​ဧရာဝတီအက်ဖ်စီ(လက်ရှိချန်ပီယံ) နှင့် သစ္စာအားမာန်အက်ဖ်စီတို့ ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်သည်။

ထို့အပြင် ​ကလပ်အသင်းများ၏ အိမ်ကွင်းအခြေအနေများနှင့် ပတ်သက်၍
​ရန်ကုန်ယူနိုက်တက်အက်ဖ်စီသည် Yangon United Sports Complex (Y.U.S.C) ကွင်း၌ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပသွားမည်။

အလားတူ ​ဧရာဝတီအက်ဖ်စီသည် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ ပထမအကျော့ (၂) ပွဲနှင့် ဒုတိယအကျော့ (၂) ပွဲကို အိမ်ကွင်းပွဲစဉ်များအဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

​အခြားကလပ်အသင်းများ အနေဖြင့်လည်း ၎င်းတို့၏ အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေးအတွက် သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

​အဆိုပါ ပွဲစဉ်များအားလုံးကို Forever Group နှင့်ပူးပေါင်း၍ MRTV-4၊ Channel 7 နှင့် Readers Channel ၊ Pyone Play Sports နှင့် YouTubeတို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊ ခရီးစဉ်အချက်အလက်၊ Booking PNR/Ticket အမှတ်၊ဝယ်ယူခဲ့သည့် Agent အမည်၊ ဝယ်ယူခဲ့ရသည့်ဈေးနှုန်းနှင့် ငွေပေးချေသည့်အထောက်အထားစသည့် တိကျသည့်သတင်းအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရသည်။ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချသည့်မည်သူမဆို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် အလားအလာကောင်းမွန်သော ဧရာမ သဘာဝဓာတ်ငွေ့သိုက်သစ်များ ရှာဖွေတွေ့ရှိ၊ တနင်္သာရီကမ်းလွန်တွင် ၉၅ ထရီလီယံကုဗပေခန့်အထိ ထွက်ရှိနိုင်ခြေရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင် ရေနက်ပိုင်းဒေသများတွင် ပမာဏအလွန်ကြီးမားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်သစ်များကို ထပ်မံရှာဖွေတွေ့ရှိထားပြီး လက်ရှိတွင် စီးပွားဖြစ် တူးဖော်ထုတ်လုပ်နိုင်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ရတနာ၊ ဇောတိက၊ ရွှေ နှင့် ရဲတံခွန် ကဲ့သို့သော ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းများမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်းများနှင့် ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကမောင်းနှင်အားအဖြစ်...

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ထပ်မံရောက်ရှိလာ

မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်သည့်ယာဉ်များ မြစ်ကြီးနားမြို့သို့ တတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိလာသည်။ ယမန်နေ့ (ဇွန် ၁၃ ရက်)က ထပ်မံရောက်ရှိခြင်း ဖြစ်ကာ ပထမအကြိမ်အဖြစ် မေ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုထောက်ပံ့ရေးပစ္စည်းများတွင် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များနှင့် မီးသတ်ကားများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071