Thursday, April 30, 2026

လိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆ ဦး...

အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန...

ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံအမျိုးသား (၄)...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အကျဉ်း ထောင်၌ ပြစ်ဒ-ဏ်ကျခံနေရသူများအနက် အကျဉ်းသား (၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။ ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်း ပြစ်ဒ-ဏ်ကျနေသူများအား လွတ်ငြိမ်းသက်သာခွင့်များ...

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

ပ ရိ သ တ် နဲ့ အ တူ အကယ်ဒမီကို ရင်ခုန်မယ်

Capture copy

ဒါရိုက်တာ မောင်ဗေဒါ

ရုပ်ရှင်ဆိုတာ အနုပညာတွေထဲ မှာ၊ လူထုကြားကိုအထိုး ဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှု အရှိဆုံးလို့ ပြောလို့ရ ပါတယ်။ ပြောင်မြောက်တဲ့ ရုပ်ရှင်အနုပညာလက်ရာတွေဟာ လူတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ နှစ် ပေါင်းများစွာ လွှမ်းမိုးကျန်ရစ်ခဲ့တာ
ပါ။ အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ အမျိုးစုံ တွေ့ကြုံခဲ့ကြပြီး ဖြစ်ပါပြီ။

(ဒေါ်အောင်ဆန်းစုကြည်)

မနှစ်က အကယ်ဒမီပေးပွဲကို ပေးပို့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ် လွှာထဲက ရုပ်ရှင် လောကသားများ အတွက် အနှစ် သာရရှိတဲ့ စကားလုံး များကို ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါ တယ်။ အကယ် ဒမီပွဲကျင်းပမှုတာဝန် ယူထားတဲ့ရုပ်ရှင်အစည်းအရုံး အတွက်ေ တာ့ စိန်ခေါ်မှုတွေရှိနေဦး မှာပါ။ အနုပညာရှင်တွေရဲ့ပြိုင် ဆိုင်မှုကလည်း စိန်ခေါ်မှုတွေပြင်း ထန်နေဦးမှာပါ။ နှလုံးသားထဲက ကြိုးစား အားထုတ်မှုကိုတော့တန် ဖိုးထားရမယ်ဆိုတာ တာဝန် ရှိသူတိုင်းမမေ့အပ်ပါဘူး။

သေးငယ်တဲ့ စိတ်ကျေ နပ်မှုလေးများစွာဟာ ပျော် ရွှင်မှုကြီးတစ်ခုကို ဖြစ်စေ တယ်။ ပြီးတော့ လူတိုင်း ဟာ မိမိကံကြမ္မာကိုဖန် တီး သူဖြစ်တယ်။ အကယ်ဒမီထူး ချွန်ဆုကို ရွေးချယ်ပေးကြတဲ့ တာဝန်ယူထား သူများကို ပညာရှင် အဆင့်သတ်မှတ် ထားပါသဖြင့်
ကျွန်တော်တို့ လေး စားရမှာပါ။ အဖွဲ့ဝင်တွေ ခေါင်းရှုပ်ခံ၊ အချိန်ပေးရွေးချယ်တာကို လေးစား ပါတယ်။ ရွေးချယ်ရေးအဖွဲ့ကတာ ဝန်ယူမှာလား၊ ဒီရွေးချယ်ဆုံးဖြတ်မှု က အဓိကလား။

သူတို့အပေါ်မှာ အဆင့်တစ် ဆင့်ရှိသေးတယ်။ လူကြီး၃ဦး၊၄ဦး လားမသိဘူး။ သူတို့အဆုံးအဖြတ်ကို ယူမှာဆိုရင် ဆုံးဖြတ်တဲ့ လူကြီးတွေ ကပဲ တာဝန်ယူရမှာပါ။ အဖွဲ့ဝင် တွေရဲ့ တာဝန်မဟုတ်တော့ဘူး။ အိန္ဒိယရုပ်ရှင် Bollywood မှာ တော့ တာဝန်ယူထား တဲ့လူကြီးက စင်ပေါ် တက်ပြောတာပါ။ “ဆုရွေးချယ်မှု အားလုံးကို ကျွန်တော် တစ်ယောက် တည်းမှာပဲ တာဝန်ရှိပါတယ်။ တာဝန် ယူရဲပါတယ်” ။ ဒီလိုတာဝန် ယူမှု၊ တာဝန်ခံမှုတွေ ရှိနေတာပါ။ အဲဒီလူကြီးက စွယ်စုံအနုပညာရှင် ကြီး၊ အနုပညာတက္ကသိုလ်
ကျောင်း  အုပ်ကြီး၊ ဘွဲ့ဒီဂရီတွေ အများကြီးပါ။ ကျွန်တော်တို့ဆီက ဘယ်လူကြီးတာ ဝန်ယူမှာလဲ။ ဒီမိုကရေစီကိုတော့ မေ့ထားလို့ မဖြစ်ဘူး။ လုံးသုပ်လုပ်လို့ လည်း မဖြစ်ပါ။

People Choice ပရိသတ်ရဲ့ ရွေးချယ်မှုကိုတော့ အစဉ်အလာ မရှိလည်း လုပ်စေချင်တယ်။ အစဉ် အလာဆိုတာ ကိုယ်ကလုပ်တာပါ။ ပရိသတ်ရွေးချယ်မှုကိုပေးထားရင် ပရိသတ်က ရုပ်ရှင်ကိုပိုပြီး စိတ်ဝင် စားလာမှာပါ။ ပိုပြီး အားပေး လာမှာ ပါ။ ပြည်သူရဲ့ အားပေးေ ထာက်ခံမှု၊ ပြည်သူရွေးချယ်မှုက ဒီမိုကရေစီပဲ။ အကယ်ဒမီပေါ်မှာ အာဃာတတွေ၊ ဆွေမျိုးတွေ၊ ပတ်သက်မှုတွေ ရှိနေ လား။ ကင်းရှင်း မှုက ဘယ်ထိရှိမှာလဲ။ ရဲဝံ့မှု၊ ပြတ်သားမှု၊ တိကျမှု သတ္တိ တွေကိုသံ သေတ္တာထဲထည့်ပြီး သော့ ခတ်ထား ရင်တော့ သံချေးတက်ရုံပဲ ရှိမှာပေါ့။ ခိုင်ခံ့သည့်အကြောင်း တရားသည် ကြီးမားသည့်လုပ်ဆောင် မှုဖြစ်သည်တဲ့။

ဒီနှစ် အကယ်ဒမီအရင်နှစ် တွေကထက် ရှင်းမှာလား၊ တိကျမှာ လား မသိပါ။ ဒီနှစ်နောက်ဆုံး Final  အဆုံးအဖြတ် လူကြီးတွေထဲမှာ မနှစ် ကတစ်ဦးပဲ ပြန်ပါတယ်။ လူသစ်တွေ နဲ့ ဖွဲ့ထားတယ်။ ရွေးချယ်ရေးကိစ္စ မှာတော့ သမာဓိချိန်ခွင်လျှာ မညီမျှသေးဘူးဆိုလားပဲ။

   ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်တော့် အထင်၊ ကျွန်တော့်အမြင်၊ ကျွန်တော် ဘယ်လိုဇာတ်ကားတစ်ကားကိုရွေး ချယ်ပါ့မယ်။ ကြိုတင် ခံစားခြင်းပါ။ သုခမိန်ရုပ်ရှင်က ဒါရိုက်တာခင် စောမျိုးရိုက်ကူးတဲ့ ‘ငဘ’ ဇာတ်ကား၊ ဝတ္ထုကဆရာကြီးမောင်ထင်၊ ဇာတ် ညွှန်းက
နေခြည်အောင်သစ်၊ သရုပ် ဆောင်တွေက ကျော်သူ၊ ကျော်ရဲ အောင်၊ မင်းဦး၊ နေမျိုးအောင်၊ ဇော်ဦး၊ မိုးယံဇွန်၊ စိုးမြတ်သူဇာနဲ့ အေးမြတ်သူတို့ ခေါင်းဆောင်ပါဝင် ထားကြတယ်။Cameraman   ဓာတ်ပုံဆရာက အပ်ချီ၊ နောက်ခံ တေးဂီတ ဓီရာမိုရ်။

 ဒီဇာတ်ကားမှာ အရုပ်အသံ ကောင်းတယ်။ 5.1  အသံကို သဲသဲ ကွဲကွဲ ကြားခဲ့ရပြီ။ ဇာတ်လမ်းက တောင်သူလယ်သမားကို အခြေခံတဲ့ ဇာတ်လမ်း။ ‘ငဘ’ ဝတ္ထုက ဂန္ထဝင် ဝတ္ထုကြီးပါ။ ဇာတ်လမ်း အကြောင်း မပြောတော့ဘူး။ ကျွန်တော့် ရွေး ချယ်မှုကိုပဲ ထင်ဟပ်ပေးပါ့မယ်။

၁။ အဓိကသရုပ်ဆောင် – ကျော်သူ

၂။ အမျိုးသမီးဇာတ်ပို့ သရုပ်ဆောင် – အေးမြတ်သူ

၃။ ဓာတ်ပုံ – အပ်ချီ

၎။ နောက်ခံတေးဂီတ – ဓီရာမိုရ်

ကျွန်တော် ‘ငဘ’ ဇာတ်ကား မှာ ဖော်ပြပါ ဆု၎ဆုကို ရွေးချယ် ထားပါတယ်။

   ထင်တိုင်းမြင်တိုင်း၊ တွေးတိုင်း သာ ဟုတ်နေရင်တော့ ပေးရမယ့် အကယ်ဒမီလောက်မှာတောင် မဟုတ်ဘူး။ ဒါပေမဲ့ တချို့တလေ   တော့မှန်တတ်တယ်နော်။ ကျွန်တော့် ရဲ့ ကြိုတင်ခံစားမှုသာ ပရိသတ်နဲ့ တစ်ထပ်တည်းကျမယ်ဆိုရင် ဝမ်းသာစရာပေါ့ဗျာ။ ကမ္ဘာနဲ့ ယှဉ် ရင် ကျွန်တော်တို့ ရုပ်ရှင်က ဆင်းရဲ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရိုးသားမှုက အပြည့်ရှိတယ်။

မြန်မာ့ရုပ်ရှင်လည်း ရိုးသား တယ်။ အနုပညာရှင်တွေလည်း ရိုးသားတယ်။ အကယ်ဒမီလည်း ရိုးရှင်းမယ် ထင်ပါရဲ့။

 အကောင်းဆုံးဟာ အညံ့ဆုံး မဟုတ်ဘူးဆိုတာကို သမိုင်းက ထောက်ပြထားတယ်။ ဒါကြောင့် သမိုင်းကို ညာလို့မရပါ။ တရားမျှတ မှုက အဖွဲ့အစည်း၊ မိတ်ဆွေ၊ ဆွေမျိုး တို့ကို လျစ်လျူရှုပြီး မျက်မမြင်ကဲ့သို့ ဆောင်ရွက်ကြသတဲ့။ ဒီတစ်ပတ် တော့ ‘ငဘ’ ဇာတ်ကား တစ်ကား တည်းသာ ရွေးချယ်ကြိုတင် ခံစားနိုင် တယ်။ နောက်တစ်ပတ်မှာ ဘယ် ဇာတ်ကားက ဘယ်သူတွေဆို တာကို ပရိသတ်နဲ့အတူ ရင်ခုန်ရအောင် လားဗျာ။

ဒါရိုက်တာ မောင်ဗေဒါ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071