Thursday, September 3, 2026

တောင်ငူ၌ ကျပ် ၁ ဒသမ...

တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ...

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့်...

နေပြည်တော်၊ စက်တင်ဘာ ၃ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ...

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့်...

ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ...

တိုင်းနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းအသင်းတို့...

နေပြည်တော်၊စက်တင်ဘာ ၃ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက အမျိုးသမီးပြိုင်ပွဲ၌ ရွှေတံ ဆိပ် ၂ ခုရရှိကာ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးခဲ့ပြီး၊...
HomeMoviesမြန်မာနိုင်ငံအလယ်ပိုင်းတွင် Cyber City...

မြန်မာနိုင်ငံအလယ်ပိုင်းတွင် Cyber City တည်ဆောက်ရန် စီစဉ်နေ၊ ရုရှားနှင့် အာဆီယံနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

[ဗလာဒီဗော့စတော့၊ စက်တင်ဘာ ၃]

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပထမဆုံးသော Cyber City တစ်ခု တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ရုရှားနှင့် အာဆီယံနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ဖိတ်ခေါ်လိုက်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်၏ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် ဒုတိယဝန်ကြီးက ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များ၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦ၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ Smart City ဆိုင်ရာ အခြေခံအဆောက်အဦများ၊ ဒစ်ဂျစ်တယ်အစိုးရ၊ ပြည်သူဗဟိုပြု ဝန်ဆောင်မှုများနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကို ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Sergey Katyrin က ဦးဆောင်ခဲ့ပြီး ရုရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တောင်ငူ၊ စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ငူမြို့၊ အမှတ် (၂၂) ရပ်ကွက်အနီးတွင် သွားရောက်စစ်ဆေးရာ ပန်းအောင် (ခ) အောင်ပေ (၃၉ နှစ်) နှင့် မနော်ဌေးဌေးစိုး (၂၀ နှစ်) တို့အား မော်တော်ယာဉ်...

မန္တလေးငလျင်ကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိရှိ သင်တန်းကျောင်းနှင့် ကျောက်မျက်ပြတိုက်ကို အကြီးစား ပြန်လည်ပြုပြင်နေ

နေပြည်တော်၊ စက်တင်ဘာ ၃ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ပျ-က်စီးခဲ့သည့် ဒက္ခိဏသီရိမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) တို့ကို အကြီးစား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်း ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီးတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ စစ်ဆေးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးက လာမည့်ဘဏ္ဍာနှစ်တွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဝန်ထမ်းများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စည်းမျဉ်းစည်းကမ်းများ နားလည်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်...

ကလေးမြိုနယ်၊ တီးတိန်မြိုနယ်နှင့် ခိုင်ကမ်းမြိုတိုတွင် ရေကြီးမှုများဖြစ်ပေါ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ကလေး၊ စက်တင်ဘာ ၃ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ စက်တင်ဘာ ၂ ရက်၊နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နရဉ္ဇရာချောင်းမှ ချောင်းရေလျှံကာ ဖောင်းကူးကျေးရွာအတွင်းသို့ ရုတ်တရက် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှနယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများကို ကလေးမြို့ မြို့တော်ခန်းမနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ ယာယီရေဘေးရှောင်စခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071