Thursday, September 3, 2026

နိုဝင်ဘာလတွင်ပူတင်၊ ရှီ၊ ထရမ့်ပ်သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ဖွယ်ရှိ- ခရမ္မလင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် သုံးပွင့်ဆိုင်...

မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို...

လွိုင်ကော်၊ စက်တင်ဘာ ၃ မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးစေနိုင်သည့်အတွက် ဝိုင်းဝန်းကာကွယ်သွားရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ကယားပြည်နယ်...

ပဲခူးတွင် မြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း ၁၄...

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၄ ကျောင်းအတွင်း သို့ ရေဝင်ရောက်ခဲ့သည်။ ထို့ကြောင့်...

မြန်မာအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒ-ဏ်သင့်သူများအတွက်...

သဘာဝဘေးဒ-ဏ်ခံစားနေရသည့် နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင်နေထိုင်သူများအတွက် မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မြန်မာအစိုးရ(ကိုယ်စား )လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့်...
HomeMoviesတောင်ငူ၌ ကျပ် ၁...

တောင်ငူ၌ ကျပ် ၁ ဒသမ ၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တောင်ငူ၊ စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ငူမြို့၊ အမှတ် (၂၂) ရပ်ကွက်အနီးတွင် သွားရောက်စစ်ဆေးရာ ပန်းအောင် (ခ) အောင်ပေ (၃၉ နှစ်) နှင့် မနော်ဌေးဌေးစိုး (၂၀ နှစ်) တို့အား မော်တော်ယာဉ် နှစ်စီးနှင့်အတူ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထံမှ ဒေသတန်ဖိုး ကျပ် ၂၂၁၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလိုနှင့် ဒေသတန်ဖိုး ကျပ် ၁ ဒသမ ၂၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၁၀,၀၀၀ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံကျော်ကို Toyota Alphard နှင့် Ipsum မော်တော်ယာဉ်များအတွင်းမှ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ပန်းအောင် (ခ) အောင်ပေ နှင့် မနော်ဌေးဌေးစိုး တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုပြင် ဩဂုတ် ၃၁ ရက် ည ၁၀ နာရီခွဲ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြိုနယ် (၉၂) ရပ်ကွက်နေ နေဝင်းထွန်း (ခ) ဒန်နီ (၅၂) နှစ်၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၇၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ်သိန်း ၁၅၂၀) ဖမ်းဆီးရမိသဖြင့် နေဝင်းထွန်း (ခ) ဒန်နီအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုဝင်ဘာလတွင်ပူတင်၊ ရှီ၊ ထရမ့်ပ်သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်ဖွယ်ရှိ- ခရမ္မလင်         

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် သုံးပွင့်ဆိုင် အစည်းအဝေး ကျင်းပနိုင်ကြောင်း ခရမ္မလင်၏ လက်ထောက် ယူရီ အူရှာကော့ဗ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။         ထိုကဲ့သို့သော အစည်းအဝေးဖြစ်နိုင်ခြေနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံဌာနက မေးမြန်းခဲ့ရာတွင် “ဟုတ်ပါတယ်၊ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ” ဟု အူရှာကော့ဗ်က ပြောကြားခဲ့သည်။         ခေါင်းဆောင်သုံးဦးစလုံး ထိပ်သီးအစည်းအဝေးကို တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပြီး “ပြောခဲ့တဲ့အတိုင်း ဖြစ်လာရင်တော့ သူတို့သုံးဦး...

မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးနိုင်၍ ဝိုင်းဝန်းကာကွယ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တိုက်တွန်း

လွိုင်ကော်၊ စက်တင်ဘာ ၃ မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် လူငယ်များ၏ အနာဂတ်ကို ဖျ-က်ဆီးစေနိုင်သည့်အတွက် ဝိုင်းဝန်းကာကွယ်သွားရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်မြို့၌ စက်တင်ဘာ ၂ ရက်က ကျင်းပခဲ့သည့် ကယားပြည်နယ် လူငယ်ရေးရာကော်မတီ၏ “လူငယ်ထုအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကင်းရှင်းရေး” လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစားတို့သည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့်အတွက် လူငယ်များအားလုံးက ရှောင်ကြဉ်တို-က်ဖျ-က်သွားကြရန်လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင်...

ပဲခူးတွင် မြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာကျောင်း ၁၄ ကျောင်း ခေတ္တပိတ်ထား

ပဲခူး၊ စက်တင်ဘာ ၂ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၄ ကျောင်းအတွင်း သို့ ရေဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ယနေ့ (စက်တင်ဘာ ၂ ရက်) မှစတင်ကာ အဆိုပါကျောင်းများကို ခေတ္တပိတ်ထားကြောင်း သိရသည်။ ရေဘေးသင့်ကျောင်းများတွင် ရေစတင်ဝင်ရောက်မှု အမြင့်မှာ ၁ ပေမှ ၄ ပေအထိ ရှိနေသည်။ ယင်းကျောင်းများမှာ ကျောက်ကြီးစု၊ မုန်တိုင်း၊ မြို့ဦးကင်း၊ အထက်စီးတီး၊ ရွှေလှေ၊ မဇင်း-ခ၊ လက်ပံခုန်၊ အထက်ဇိုင်းဂနိုင်းကြီး၊ ဥဿာ(၆) အမက(မူလွန်) ကျောင်းများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071