Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeCelebrities' Newsနာမည်ရ အဆိုတော်တိုင်းသီဆို ပေးသင့်တဲ့...

နာမည်ရ အဆိုတော်တိုင်းသီဆို ပေးသင့်တဲ့ သီချင်းက ဘယ်လို သီချင်းမျိုးလဲဆိုတာ မနော ဖွင့်ဟ

မြန်မာသံစဉ်လိုင်းနဲ့ ပရိသတ်အားပေးမှု ရရှိ ထားသူ အဆိုတော် မနောကတော့ သူ့ရဲ့ အဓိက အားသန်တဲ့ မြူးဇစ်လိုင်းက ရော့ခ်ဂီတလိုင်းလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါဆို ဘာကြောင့် မြန်မာ သံစဉ်တွေကို သီဆိုဖြစ်နေတာလဲလို့ မေးစရာရှိလာ ပါတယ်။ မနောသီဆိုတဲ့ မြန်မာသံစဉ် သီချင်းတွေက အချစ်သီချင်းတွေနည်းပြီး လူသားအကျိုးပြု သီချင်း တွေ များပါတယ်။ မြန်မာသံစဉ်သီချင်းတွေနဲ့ ပတ်သက် ပြီး မနောက သူ့ခံယူချက်ကိုပြောပြရာမှာတော့…

“မြူးဇစ်ပိုင်းမှာ ‘ခေါ်ပါ ပြောပါ နှုတ်ဆက်ပါ’ တို့၊ ‘ကမ်းစပ်ဒဏ္ဍာရီ’တို့၊ ‘မင်းလွန်တယ်’တို့ ဒီလိုင်း တွေကတော့ ကျွန်တော့်ရဲ့ မေဂျာပဲပေါ့။ ကျွန်တော် အမြဲတမ်းသွားမယ့် လိုင်းတွေ။ မြန်မာသံစီးရီးခွေ ထုတ်ဖြစ်တယ်ဆိုတာက တကယ်တမ်းကျတော့ ပုဒ် ရေ ယှဉ်လိုက်လို့ ရှိရင် စတီရီယိုသီချင်းက များတာ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာသံကို ကျွန်တော်က ပရဟိတသီချင်းတို့၊ လူသားအကျိုးပြုသီချင်းတို့က အခွေ မစောင့်နိုင်ဘူး။ အဲဒါတွေက ကျွန်တော်တို့ အဆိုတော်တွေအနေနဲ့ သီဆိုပေးသင့်တဲ့ သီချင်းလို့ ကို ခံယူထားတာ။

ကျွန်တော်သီချင်းဆိုရင်းနဲ့ ပရဟိတ လုပ်နေတာပဲလေ။ ကလေးတွေအတွက် ပညာပေးလား၊ လူသားတွေအတွက် ပညာပေးလား၊ ဘာသာရေး အကျိုးပြုလား၊ အဓိကကတော့ ဒီသီချင်းတွေကို နာမည်ရှိသွားတဲ့ အဆိုတော် တိုင်း သီဆိုပေးသင့်တယ်လို့ မြင်တာပေါ့နော်။ ကျွန်တော့်ရဲ့ ဆန္ဒကတော့ ကျွန်တော် အဲဒီလို ကြောင့် သီချင်းဆိုနေတာ။ ကျွန်တော် အဲဒီ သီချင်းလေးတွေ တစ်ပုဒ်ချင်း၊ တစ်ပုဒ်ချင်း အွန်လိုင်းပေါ်တင်နေတာ။ တကယ်တမ်း မြန်မာသံစီးရီးခွေက တစ်ခွေပဲ ထွက်ရသေး တာ။ ‘ချမ်းမြေ့ပါစေ အမေ’ ရယ်၊ အခု ကျွန်တော် အွန်လိုင်းပေါ် တင်ပေးထားတဲ့ သီချင်းတွေရယ်ဆို ပုဒ်ရေက ဘယ်လောက်မှ မရှိဘူး။ ကျွန်တော်ထွက်ရှိထားတဲ့ သီချင်းက ပုဒ်ရေ ၅ဝ ကျော်တယ်လေ။ စတီရီယို သီချင်းက များပါတယ်” လို့ မနောက ပြောပြ ခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071