Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeCelebrities' Newsဇာတ်ပို့ ဇာတ်ရံကောင်း တစ်ယောက်ပဲ...

ဇာတ်ပို့ ဇာတ်ရံကောင်း တစ်ယောက်ပဲ ဖြစ်ချင်တဲ့ ခင်မို့မို့အေး

Khin-moh-moh-aye

ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်မို့မို့အေးကတော့ အသက်အရွယ် ရလာတာနဲ့အမျှ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်ဖြစ်နေ ကြောင်း သိရပါတယ်။ သူမရဲ့ အသက်အရွယ်အရ ကာရိုက်တာ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့တာက…

“တီတီကတော့ ငါသည်ဒီ အခန်း၊ ဒီကာရိုက်တာကိုရမှ အလုပ်လုပ်မယ်။ မကြိုက်တဲ့ အခန်းတွေကို မရိုက်ဘူး ရယ်လို့ မသတ်မှတ်ထားပါဘူး။ တီတီက ဇာတ်ပို့ဇာတ်ရံကောင်း တစ်ယောက်ပဲ ဖြစ်ချင်တယ်။ ကျရာဇာတ်ရုပ်တွေ ရိုက် ကူးတယ်။ တီတီကို မကောင်းတဲ့ အခန်း၊ မကောင်းတဲ့မိန်းမအခန်း ရိုက်ကူးဖို့ လာခေါ်ရင်လည်း ပီပြင်အောင် ရိုက်ကူးပေးမှာပါ။ တီတီသည် အရက်နံ့ကို မကြိုက်သလို အရက်ကိုလည်း မနှစ်သက်ပါဘူး။ ဒါပေမဲ့ ဇာတ်ကားထဲမှာ အရက် ရောင်းတယ်။ အရက်ကြိုက်တဲ့ မူးတဲ့ ကာရိုက်တာလေးတွေ လုပ်ရတာရှိတယ်။ တီတီသည် ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားရဲ့ အထောက်အကူပြုနိုင်ဖို့အတွက်ပဲ အဓိကထားပါတယ်” လို့ ပြော ခဲ့ပါတယ်။

သူမကတော့ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးထားပြီး နောက်ထပ်လည်း ဇာတ်လမ်း တွဲများ ရိုက်ကူးသွားမှာဖြစ်ကြောင်း သိရပါ တယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးရတာနဲ့ ကွာခြားမှုရှိပုံ အကြောင်းကို ပြောပြတာကတော့…..

“ဗီဒီယိုဇာတ်ကားတွေက ဆင်းနည်း တဲ့အခါကျတော့ အချိန်အတိုင်း အတာလည်း တိုတယ်။ မြန်လည်း မြန်တယ်ပေါ့။ ဇာတ်လမ်းတွဲက ကျတော့ အပိုင်း ခြောက်ဆယ် တို့ ဘာတို့ရှိတယ်။ ဇာတ် လမ်းတွဲက ရက်အများကြီး ပေးရတယ်။ နောက်ပြီး ဇာတ်လမ်းတွဲက စိတ် အကြာကြီး သွင်းထားရ တယ်။ လူတွေလည်း အများကြီး သုံးရတယ်။ ဒါပေမဲ့ ပြန်ကြည့်ရတဲ့အချိန် မှာ Quality လေးတွေ တွေ့ရတဲ့ အတွက် ဝမ်းသာပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အခု လတ်တလောမှာ MRTV-4 နဲ့အတူ ဒါရိုက်တာ ပြည်သက်နိုင် ရိုက်ကူးတဲ့ “အရိပ်” ဇာတ် လမ်းတွဲမှာ  သူမက ပါဝင်သရုပ်ဆောင် နေပြီး နောက်ထပ်လည်း ရုပ် သံဇာတ်လမ်းတွဲများ ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါ တယ်။

ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071