Home International ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

ဘေဂျင်းတွင် ၂၀၂၆ CIPCC နိုင်ငံတကာ သတင်းမီဒီယာသင်တန်း ဖွင့်လှစ်

0
74

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ တရုတ်ပြည်သူ့တက္ကသိုလ် (Renmin University of China) တွင် ၂၀၂၆ ခုနှစ် China International Press Communication Center (CIPCC) သတင်းမီဒီယာသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအစီအစဉ်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း (China Public Diplomacy Association) က စီစဉ်ကျင်းပခြင်းဖြစ်ပြီး အာရှ-ပစိဖိတ်၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများမှ နိုင်ငံပေါင်း ၉၀ ကိုယ်စားပြု သတင်းမီဒီယာပညာရှင် ၉၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ၏ သံတမန်ရေး၊ ပညာရေးနှင့် မီဒီယာကဏ္ဍများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟုန်လေ၊ တရုတ်ပြည်သူ့တက္ကသိုလ် ဥက္ကဋ္ဌ မာဟွိုင်ဒယ်နှင့် တရုတ်ပြည်သူ့သံတမန်ဆက်ဆံရေးအသင်း ဒုတိယဥက္ကဋ္ဌ ထုံရှောင်လင်းတို့က အမှာစကားပြောကြားခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဟုန်လေက ယခုစုဝေးမှုသည် “ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းနိုင်ငံများ၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသော ဥပမာတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ယနေ့ ဘေဂျင်းမှာ နိုင်ငံပေါင်း ၉၀ က မိတ်ဆွေ ၉၈ ဦး စုစည်းရောက်ရှိနေပါတယ်။ ဒါဟာ Global South နိုင်ငံတွေရဲ့ စည်းလုံးမှုနဲ့ လက်တွဲဆောင်ရွက်မှုကို ပြသနေတဲ့ ရှင်းလင်းတဲ့ ဥပမာတစ်ခုပါ” ဟု ၎င်းက ဆိုသည်။

Renmin University of China ဥက္ကဋ္ဌ မာဟွိုင်ဒယ်ကလည်း ဒစ်ဂျစ်တယ်ခေတ်အတွင်း ကမ္ဘာ့မီဒီယာပတ်ဝန်းကျင် ပြောင်းလဲလာမှုနှင့် တာဝန်ယူမှုရှိသည့် သတင်းစာပညာ၏ အရေးပါမှုကို ပြောကြားခဲ့သည်။

နည်းပညာတိုးတက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုများ တိုးလာသော်လည်း ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် သတင်းအချက်အလက်ကွဲပြားမှုများကြောင့် ဆက်သွယ်ရေးစိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာကြောင်း ၎င်းက ဆိုသည်။

“ယခင်ကထက် ပိုပြီး အမှန်တရားအခြေပြု၊ နက်ရှိုင်းပြီး တာဝန်ယူမှုရှိတဲ့ သတင်းတင်ပြမှုတွေ လိုအပ်နေပါတယ်” ဟု မာဟွိုင်ဒယ်က ပြောကြားခဲ့သည်။

ထို့ပြင် Renmin University of China သည် သတင်းစာပညာနှင့် နိုင်ငံတကာဆက်သွယ်ရေးလေ့လာမှုများ တိုးတက်စေရန် ဆောင်ရွက်နေပြီး “Mingxin Large Model” ဟုခေါ်သည့် ဉာဏ်ရည်တု (AI) အခြေပြု ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးစနစ်တစ်ခုကိုလည်း ဖော်ဆောင်နေကြောင်း သိရသည်။

သုံးလကြာ ပြုလုပ်မည့် အဆိုပါသင်တန်းကာလအတွင်း ပါဝင်သည့် သတင်းထောက်များသည် တရုတ်နိုင်ငံ၏ သံတမန်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်မည်ဖြစ်ပြီး တရုတ်မီဒီယာအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here