ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားခရီးစဉ်တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မေ ၂၀ ရက်နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အတွင်း မိုးကောင်း-မိုးညှင်းလမ်းပိုင်းပြုပြင်မှုလုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကာ လမ်းပိုင်းပြုပြင်ပြီးပါက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်းအထိမီးရထား ပြေးဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်၌ မိုးကောင်း-မိုးညှင်းမီးရထားလမ်းပိုင်း၏ ခရီးမိုင်(၅၂ ဒသမ ၂၅)မိုင်အနက် (၃၀ ဒသမ ၉၁)မိုင်အထိ ပြုပြင်ပြီးဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အဆိုပါ မိုးကောင်း-မိုးညှင်း မီးရထားလမ်းပိုင်းကို ခရီးသွားများ သွားလာရေးအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပြုပြင်မှုများပြုလုပ်လျက်ရှိသည်။
Photo-ကချင်ပြည်နယ်အစိုးရ
