Thursday, May 21, 2026

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး...

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး...

နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး...

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏...

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ်...

တစ်ရက်တည်း ဧဝရက်တောင်သို့ တောင်တက်သမား ၂၇၄...

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်သို့ မေ ၂၁ ရက်တစ်ရက်တည်းအတွင်း တောင်တက်သမား ၂၇၄ ဦး တက်ရောက်နိုင်ခဲ့ကြောင်း နီပေါတောင်တက်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် နီပေါဘက်ခြမ်းမှ...
HomeNewsLocal Newsနှစ်ပေါင်း (၈) သန်းသက်တမ်းရှိ...

နှစ်ပေါင်း (၈) သန်းသက်တမ်းရှိ စတီဂိုလိုဖိုဒွန် ရှေးဦးဆင်ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခု ပြတိုက်သို့ လွှဲပြောင်းပေးအပ်

နှစ်ပေါင်း (၈) သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ကျောက်ဖြစ်ရုပ်ကြွင်း (၁၉) ခုကို မေ ၁၈ ရက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးအပ်သည့် ရှေးဟောင်းဇီဝရုပ်ကြွင်းများတွင် စတီဂိုလိုဖိုဒွန် ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ၊ ရှေးဦးကြံ့၏ သွားပါအောက်မေးရိုးနှင့် အောက်အံသွားအစိတ်အပိုင်းများ၊ ရေမြင်းမျိုးနွယ်ဝင် တိရစ္ဆာန်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွားမျိုးစိတ်၏ ခြေဆစ်လက်ဆစ်ရိုးများ၊ ရှေးဦးသစ်ကုလားအုတ်၏ သွားပါအောက်မေးရိုးနှင့် ဆင်အံသွားအပိုင်းအစများအပြင် အခြားနို့တိုက်သတ္တဝါများ၏ အရိုးအပိုင်းအစများလည်း ပါဝင်ကြောင်း သိရသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများကို ကိုယ်ပိုင်ထိန်းသိမ်းလိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် “ရှေးဟောင်းဝတ္ထုပစ္စည်း ထိန်းသိမ်းခွင့်လက်မှတ်” ရရှိရေးအတွက် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိန်းသိမ်းခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရာသက်ပန်ထိန်းသိမ်းခွင့် ရရှိနိုင်သော်လည်း လက်မှတ်သက်တမ်းမကုန်မီ သက်တမ်းတိုး လျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရှေးဟောင်းဝတ္ထုပစ္စည်းများနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် နိုင်ငံတော်၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သဖြင့် ခွင့်ပြုချက်မရှိဘဲ ပြည်ပသို့ သယ်ယူပို့ဆောင်ခြင်း၊ တူးဖော်ရှာဖွေခြင်း၊ ရောင်းဝယ်ခြင်း၊ ပုံတူပွားယူခြင်းနှင့် စီးပွားရေးအတွက် အသုံးပြုခြင်းတို့ကို “ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ” အရ တားမြစ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို စားသုံးဆီများရောင်းချပေး

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လစာထုတ်ယူချိန်တွင် စားသုံးဆီများကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲအသီးသီးတွင်ရောင်းချပေးခဲ့သည်။ ယနေ့ မေ ၂၁ ရက်တွင်လည်း မြို့နယ်ဘဏ်ခွဲအသီး သီး၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ရောင်းချပေးခဲ့သည်။

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးပွဲ ကျင်းပ

နှစ်စဉ်ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးသည့် “မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ” ကို ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေ ၁၉ ရက်မှ မေ ၂၂ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ကျင်းပလျက်ရှိပြီး မေ ၁၉ ရက်က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့) မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း တက်ရောက်ခဲ့ကြောင်း သိရသည်။ သန့်ရှင်းသောလေထု...

ဆေးရုံတက်နေသည့် ထိုင်းမင်းသမီး “ဘာ” ၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ

ထိုင်းတော်ဝင်မိသားစုဝင် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာကြောင်း ထိုင်းတော်ဝင်နန်းတော်က မေ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အသက် ၄၇ နှစ်အရွယ် မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါသည် ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်း၏ အကြီးဆုံးသမီးတော်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခု၌ ဖျားနာပြီးနောက် ဆေးရုံတက်ကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။ ယခင်က နန်းတော်ထုတ်ပြန်ချက်များအရ မင်းသမီးသည် သွေးလည်ပတ်မှုဆိုင်ရာ ပြင်းထန်သည့်ရောဂါခံစားခဲ့ရပြီး အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း သိရသည်။ မေ ၂၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071