Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeCelebrities' Newsစီးပွားရေး လုပ်တဲ့အခါ ကြုံရတဲ့...

စီးပွားရေး လုပ်တဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကတော့ တကယ့်ကို တစ်ထောင့်တစ်ည ပုံပြင်တွေလိုပဲ စိုင်းစိုင်းခမ်းလှိုင်

ဟစ်ဟော့ပ်အဆိုတော်၊ ရုပ်ရှင် သရုပ် ဆောင်စတဲ့ဂုဏ်ပုဒ်တွေနဲ့အတှူဗှု ဃသျာနအငထ ဆိုတဲ့ စီးပွားရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင် လာခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့  SAI Cosmetix 1st Anniversary Fan Meeting ကို အောက်တိုဘာ ၂၉ရက်နေ့ ကျရင် Junction Square မှာ နေ့လယ် ၁နာရီကနေ ၅နာရီအထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ရတာ အနုပညာလုပ်ရတာထက် ပိုခက်ခဲ သလား၊ ဘာတွေ စိန်ခေါ်မှုရှိသလဲလို့ စိုင်းစိုင်း ကိုမေးတော့….

” တခြားစီပဲ။ ကျွန်တော်ကြုံရတဲ့ အခက် အခဲ တွေကတော့ တကယ့်ကို တစ်ထောင့် တစ်ညပုံပြင်တွေလိုပဲ။ ကျွန်တော်ပြောရင်လည်း မိုးလင်း သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော် ဒီစီးပွားရေးကို နကန်းတစ် လုံးမှ နားမလည်ပါဘူး။ ကျွန်တော် ၁၈နှစ်သား ကတည်းက မော်ဒယ်လုပ်တယ်။ ဗီဒီဒီရိုက်တယ်။ သီချင်းဆိုတယ်။ ကျွန်တော်ဘယ် Office မှလည်းအလုပ်မလုပ်ဖူးဘူးဆိုတော့ ကျွန်တော် Office တစ်ခုကို အုပ်ချုပ်ဖို့နေနေသာသာ Office တစ်ခုမှာတောင်မှ ကျွန်တော်ဟာ တိတိ ကျကျ ဝင်လုပ်ဖူးတဲ့သူ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော် ဟာ စလုံးရေကစပြီးတော့ ပြန်ပြီး တော့ လေ့လာရတဲ့အတွက် ပျာယာ ကိုခတ်ပြီး တော့ ချာလပတ်ကို ရမ်းနေတာပဲ”လို့ စိုင်းစိုင်း က ပြောပါတယ်။

  သူ့ကို ပံ့ပိုးပေးနိုင်တဲ့ Team ကောင်းကောင်း ရှိတဲ့အတွက် ယုံ ကြည်မှုရှိသလို တစ်နှစ်တာအတွင်းမှာ အတိုင်းအတာ တစ်ခုအထိ စိတ်ကျေ နပ်မှုရှိခဲ့ တယ်လို့ဆိုတဲ့ စိုင်းစိုင်း က အောက်တိုဘာ ၂၉ရက် နေ့က စတင်ပြီး ဖော်မြူ လာ အသစ်နဲ့ နှုတ်ခမ်းသား ကို ရေဓာတ်ဖြည့်ပေးပြီး အလွယ်တ ကူ မပြတ်နိုင်တဲ့ SAI Ultra Matte Kiss-proof  နှုတ်ခမ်းနီ အရောင်သစ် ၄မျိုးနှဲ့SAI Soft Touch Make Up Sponge တို့ကိုစတင် ဖြန့်ချိမယ်လို့ လည်းသိရ ပါတယ်။ အောက်တိုဘာ ၂၉ရက်၊ Junction Square မှာတွေ့မယ့် Fan Meeting နဲ့ ပတ်သက်ပြီးလည်း ..

“ကျွန်တော်နဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပျော်ပျော်ပါးပါး သီချင်းတွေဆိုကြတယ်။ ဂိမ်းတွေ ဆော့ကစားကြတယ်။ အဲဒီလို ပုံစံအ တိုင်းပဲ ကျွန်တော်တို့ လုပ်မှာဖြစ်ပါ တယ်။ ဂိမ်းတွေဆော့မယ်။ လက် ဆောင်တွေပေးမယ်။ အမှတ်တရLimited လုပ်ထားတဲ့ လက်ဆောင် လေးတွေလည်း ရှိပါတယ်။ ပြီးတော့ ၂၉ရက်နေ့မှာ လာပြီးတော့  ဝယ်ယူ အား ပေးတဲ့ ပရိသတ်တွေအတွက် အခု ကျွန် တော် အွန်လိုင်းမှာ အသုံး ပြုနေတဲ့ Viber Sticker လေးတွေ ရှိပါတယ်။ Facebook မှာလည်း Photo Comment နဲ့ ပေးလို့ရ အောင်လို့ လုပ်ထား တယ်။ အဲဒီ Sticker တွေကို အပြင်မှာ စက္ကူနဲ့ တကယ့်ကို Quality ကောင်းကောင်း လေးကို လုပ်ထား တာရှိပါတယ်။

နှုတ်ခမ်းနီဝယ်ယူတဲ့သူတိုင်းကို ပေးဖို့ စီစဉ်ထား တယ်။ ပြီးတော့ အခုမကြာခင်မှာ ၂ဝ၁၇ ခုနှစ် ကုန်ပြီးတော့ ၂ဝ၁၈ခုနှစ် ရောက် တော့ မှာဖြစ် တဲ့အတွက် Sexy and Intelligent ကနေပြီး တော့ ကျွန်တော့်ရဲ့ ဓာတ်ပုံနဲ့ Calender လုပ်ထားတယ်။ အဲဒါ ကိုလည်း အဲဒီနေ့ပွဲ မှာ လက်ဆောင်ပေး သွားဖို့ ကျွန်တော် စီစဉ်ထားပါတယ်”  လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071