မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ “ရွှေဇာမဏီ”ရွှေဆိုင်အား ဧပြီ ၂၈ ရက်မွန်းလွဲပိုင်းက အမည်မသိအမျိုးသားများမှ ဓားပြတိုက်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဧပြီ ၂၈ ရက်မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ကျော်ခန့်က ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃ လမ်းနှင့် ၁၀၄ လမ်းကြားရှိ “ရွှေဇာမဏီ”ရွှေဆိုင်သို့ အမည်မသိအမျိုးသား(၅)ဦးရောက်ရှိလာကာ သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံးတို့ကို လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများအားကြည့်ရှု၍ ပိတ်တို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
