Wednesday, April 29, 2026

ရုရှားကနာဇီစစ်အောင်ပွဲနေ့အခမ်းအနားကိုလက်နက်ပစ္စည်းများမပါဘဲ ကျင်းပမည်

ရုရှားနိုင်ငံသည် နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှုကို လာမည့်လတွင် ရင်ပြင်နီ၌ စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်ပွဲခံကျင်းပမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ဆင်ရေးအခြေအနေအရ စစ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့အနှောင်းပိုင်းတွင်...

ထရမ့်ပ်က အီရန်ကိုပိတ်ဆို့မှုများကို သက်တမ်းတိုးရန် စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် အပ-စ်အခတ်ရပ်စဲရေးသည် ဆက်လက်၍တည်ရှိနေသော်လည်း ဆွေးနွေးပွဲများ ရပ်တန့်နေစဉ်အတွင်း အီရန်နိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့မှုများကို ပြုလုပ်ရေးအတွက် ပြင်ဆင်ထားရန် အမေရိကန်သမ္မတ...

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀)...

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ...

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ...
HomeNewsLocal News(၇၀) ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ...

(၇၀) ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အခမ်းအနားနှင့် ပြခန်းများကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်၊ ရုပ်သံလိုင်းများမှ တို-က်ရို-က်ထုတ်လွှင့်သွားမည်

မြန်မာ့သာသနာရေးသမိုင်းတွင် အထူးထင်ရှားသည့် (၇၀) ပြည့် အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ထူးခြားမွန်မြတ်သည့် သာသနာ့အောင်ပွဲ အခမ်းအနားများကို ပြည်သူများ ကြည်ညိုနိုင်စေရန်အတွက် ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။

မဟာမင်္ဂလာအခမ်းအနား ကျင်းပပုံများကို ဧပြီလ (၃၀) ရက်နေ့တွင် MRTV HD Channel မှ တို-က်ရို-က်ထုတ်လွှင့်မည်ဖြစ်ပြီး၊ ဧပြီလ (၃၀) ရက်နေ့မှ မေလ (၂) ရက်နေ့အထိ ကျင်းပမည့် အစီအစဉ်အသီးသီးကိုမူ MRTV Parliament Channel တွင် နေ့စဉ်ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားသည်။ ထို့ပြင် ဧပြီလ (၃၀) ရက်နေ့ ညပိုင်းတွင် ကျင်းပမည့် ဓမ္မသဘင်အခမ်းအနားကိုလည်း MRTV Farmers Channel တွင် တို-က်ရို-က် (Live) ကြည့်ရှုနိုင်မည်ဖြစ်ကာ MRTV HD Channel တွင်လည်း ထိုနေ့ည (၉) နာရီဝန်းကျင်၌ ပြန်လည်ပြသ (Delay) သွားမည် ဖြစ်သည်။

ယခုနှစ် (၇၀) ပြည့် အထိမ်းအမှတ်ပွဲတွင် ထူးခြားချက်အနေဖြင့် အထိမ်းအမှတ် ကျောက်စာတိုင်နှင့် သာသနာရေးဆိုင်ရာ ပြခန်းများကိုပါ ထည့်သွင်းပြသသွားမည်ဖြစ်သည်။ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၏ အတွင်းပတ်လမ်းတွင် ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ အဆင့်ဆင့် သင်္ဂါယနာတင်ခဲ့သည့် သမိုင်းဝင်ပြကွက်များကို လေ့လာနိုင်မည် ဖြစ်သည်။

ယင်းအပြင် မျက်မှောက်ကာလတွင် သာသနာတော် တိုးတက်ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရ၏ သာသနာပြု လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း စုံလင်စွာ ခင်းကျင်းပြသထားမည် ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အားရကြည်နူးဖွယ်ကောင်းသည့် ဤနှစ် (၇၀) ပြည့် အောင်ပွဲအခမ်းအနားသည် သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့၊ အစဉ်အဆက် သင်္ဂါယနာတင်ခဲ့သည့် သမိုင်းကြောင်းများကိုပါ တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်မည့် ထူးခြားသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားကနာဇီစစ်အောင်ပွဲနေ့အခမ်းအနားကိုလက်နက်ပစ္စည်းများမပါဘဲ ကျင်းပမည်

ရုရှားနိုင်ငံသည် နာဇီဂျာမနီတို့အပေါ် အောင်နိုင်မှုကို လာမည့်လတွင် ရင်ပြင်နီ၌ စစ်ရေးပြပွဲအခမ်းအနားဖြင့် အောင်ပွဲခံကျင်းပမည်ဖြစ်သော်လည်း ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ဆင်ရေးအခြေအနေအရ စစ်ရေးပစ္စည်းများကို ထုတ်ဖော်ပြသမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ဂျာမနီ၏ လက်နက်ချမှုကို ဆိုဗီယက်ပြည်ထောင်စုက လက်မှတ်ရေးထိုးခဲ့သည့်နေ့ဖြစ်သော မေလ ၉ ရက်နေ့တွင် အစဉ်အလာအတိုင်း ကျင်းပသော စစ်ရေးပြအခမ်းအနားသည် ယခုနှစ်တွင် ၈၁ နှစ်မြောက် အောင်ပွဲနေ့အထိမ်းအမှတ်ဖြစ်ကာ ရုရှားလူမျိုးများက မဟာမျိုးချစ်စစ်ပွဲဟု ခေါ်ဆိုကြသည်။ ရုရှားပြက္ခဒိန်တွင် ထိပ်တန်းအားလပ်ရက်များထဲမှ တစ်ခုဖြစ်ပြီး အရေအတွက်လျော့နည်းလာသော စစ်ပြန်များကို လမ်များပေါ်တွင် ဆုံတွေ့ကြရစေပြီး ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များနှင့် စစ်ပွဲကာလတေးဂီတများဖြင့်...

ထရမ့်ပ်က အီရန်ကိုပိတ်ဆို့မှုများကို သက်တမ်းတိုးရန် စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် အပ-စ်အခတ်ရပ်စဲရေးသည် ဆက်လက်၍တည်ရှိနေသော်လည်း ဆွေးနွေးပွဲများ ရပ်တန့်နေစဉ်အတွင်း အီရန်နိုင်ငံကို ကာလရှည်ကြာ ပိတ်ဆို့မှုများကို ပြုလုပ်ရေးအတွက် ပြင်ဆင်ထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၎င်း၏အစိုးရအဖွဲ့ကို ညွှန်ကြားထားကြောင်း ဝေါ်စထရိ ဂျာနယ် က အမေရိကန်အရာရှိများကို ကိုးကား၍ အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။ တနင်္လာနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့် ဆွေးနွေးပွဲ အပါအဝင် မကြာသေးမီက ပြုလုပ်ခဲ့သော အစည်းအဝေးများတွင် ထရမ့်ပ်သည် အီရန်၏ ဆိပ်ကမ်းများသို့ သင်္ဘောများ၏ အဝင်အထွက်ကို တားဆီးခြင်းဖြင့် အီရန်၏...

ကမ္ဘာတလွှားမှ သံဃာတော်များ ကြွရောက်မည့် (၇၀) ပြည့် ဆဋ္ဌသံဂါယနာတင် အထိမ်းအမှတ်ပွဲကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်

မြန်မာနိုင်ငံ၏ သာသနာဝင်သမိုင်းတွင် အလွန်ထူးခြားထင်ရှားသည့် ဆဋ္ဌသံဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်ခြင်း အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၌ ဧပြီလ (၃၀) ရက်မှ မေလ (၂) ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။ ယခုအခမ်းအနားသည် ပြည်တွင်းရှိ သံဃာတော်များသာမက မက္ကဆီကိုနှင့် ဗင်နီဇွဲလားကဲ့သို့သော အနောက်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံမှ သံဃာတော်များနှင့် ဧည့်သည်တော်များ စုံညီစွာ ကြွရောက်ကြမည့် ကမ္ဘာလုံးဆိုင်ရာ သာသနာ့ပွဲတော်ကြီးလည်း ဖြစ်သည်။ ဧပြီလ (၂၈) ရက်မှစတင်ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071