Wednesday, July 1, 2026

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ...

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့်...

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ ပထမရရှိခဲ့သည့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း...

ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကျောင်းများမှ ကျောင်းသား/သူများအား Placement...

ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိသည့် စာသင်ကျောင်းများမှ ကျောင်းသား/သူများ၏ ပညာရေးမပြတ်တောက်စေရေးအတွက် Placement Test စာမေးပွဲ ဖြေဆိုစေပြီး သက်ဆိုင်ရာအတန်းများတွင် ဆက်လက်ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားသည်။ တတိယအကြိမ်...
HomeMovies၂၀၂၆ ခုနှစ် ပထမ...

၂၀၂၆ ခုနှစ် ပထမ (၅) လအတွင်း လာအို၏ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော် ရရှိ

လာအိုနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း သီးနှံနှင့် သီးနှံထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅၂ သန်း ရရှိခဲ့ပြီး ယင်းပမာဏသည် နှစ်စဉ်လျာထားချက်၏ ၆၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Vientiane Mai သတင်းစာက ဖော်ပြခဲ့သည်။

လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် စားနပ်ရိက္ခာဖူလုံရေးကို ခိုင်မာစေရန်နှင့် ပို့ကုန်ဦးတည်သည့် ကုန်စည်ထုတ်လုပ်မှု မြှင့်တင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဓိကတင်ပို့သည့် သီးနှံထွက်ကုန်များတွင် ငှက်ပျောသီး၊ ပီလောပီနံခြောက်၊ ဖရဲသီး၊ ပီ လောပီနံမှုန့်နှင့် ကော်ဖီတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မွေးမြူရေးနှင့် မွေးမြူရေးထွက်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၂၁ သန်း ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ် လျာထားချက်၏ ၄၀ ဒသမ ၆ ရာခိုင်နှုန်း ပြည့်မီခဲ့ကြောင်း သိရသည်။ သစ်နှင့် သစ်ထွက်ပစ္စည်းများအပြင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှလည်း အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၄ သန်း ရရှိခဲ့ပြီး လျာထားချက်၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်း ပြည့်မီခဲ့သည်။

ဝန်ကြီးဌာန၏ အရေးပါသော အောင်မြင်မှုတစ်ရပ်အဖြစ် လာအိုနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်အမျိုးအစား ၈၄ မျိုး တင်ပို့ခွင့်ရရှိထားပြီး ပို့ကုန်ဈေးကွက်များကို တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။

စားနပ်ရိက္ခာဖူလုံရေးကို ပံ့ပိုးရန်နှင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရန်အတွက် ဝန်ကြီးဌာနသည် ခြောက်သွေ့ရာသီတွင် စားသုံးသီးနှံနှင့် စီးပွားဖြစ်သီးနှံများ ပိုမိုစိုက်ပျိုးရေးကို အားပေးလျက်ရှိပြီး အထူးသဖြင့် ဆန်စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့များနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ခေတ်မီနည်းပညာများ အသုံးပြုရေးနှင့် သန့်ရှင်းသော စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးရေးတို့ကိုလည်း အားပေးမြှင့်တင်လျက်ရှိကြောင်း သိရသည်။

ကုန်ပစ္စည်းအရည်အသွေး မြှင့်တင်ရန်နှင့် ပို့ကုန်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ဝန်ကြီးဌာနသည် ခေတ်မီနည်းပညာများနှင့် သန့်ရှင်းသော စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ အသုံးပြုရေးကို ဆက်လက်မြှင့်တင်လျက်ရှိသည်။

ကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန် လာအိုနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များအတွက် တင်သွင်း၊ တင်ပို့ခွင့်ပြုချက်နှင့် စောင့်ကြည့်ကြပ်မတ်ရေးစနစ်တစ်ရပ်ကို ဖော်ဆောင်လျက်ရှိပြီး ယင်းစနစ်သည် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ref: Xinhua

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed bin Mohammed Al-Ansari) က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။ "တင်းမာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထိန်းချုပ်ရာမှာလည်း ဒီလမ်းကြောင်းကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းဟာ အခုဆိုရင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ ပတ်သက်တဲ့...

ဖလမ်းမြို့ရှိ ပျက်စီးနေသော ဌာနဆိုင်ရာရုံး၊ အ ဆောက်အအုံများကို အမြန်ဆုံးပြန်လည်တည်ဆောက်မည်

စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ နေအိမ်များ၏ပျက်စီးမှုစာရင်းကို ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးမှုစာရင်းကောက်ယူရေးဆပ်ကော်မတီဝင်များမှလိုက်လံကောက် ယူခဲ့ကြကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲ ပထမရရှိခဲ့သည့် မနီနီကျော်အား POPULAR PLASTIC GROUP က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀) နှင့် လစဉ်ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမ (The Whole Burma First) ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအထက်တန်းကျောင်း (၁၄) လှိုင်သာယာ (အရှေ့) မှ ကျောင်းသူ မနီနီကျော် အား POPULAR PLASTIC GROUP က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀) ချီးမြှင့်ပေးခဲ့ပြီး တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရေးအတွက် ကျောင်းတက်ရောက်သည့် ကာလအတွင်း လစဉ်ထောက်ပံ့ကြေး ကျပ် (၂) သိန်းကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ POPULAR PLASTIC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071