Home Movies ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

ဟော်မုဇ်ရေလက်ကြားအတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု ကာတာတည်ထောင်

0
116

ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ထပ်မတိုးလာစေဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်-အန်ဆာရီ(Majed bin Mohammed Al-Ansari) က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“တင်းမာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို တည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ တင်းမာမှုတွေကို ထိန်းချုပ်ရာမှာလည်း ဒီလမ်းကြောင်းကို အသုံးပြုခဲ့ပြီးပါပြီ။ ဒီလမ်းကြောင်းဟာ အခုဆိုရင် အလုပ်လုပ်နေပြီ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တွေကိုတော့ သူက ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

ဒါ့အပြင် အယ်လ်-အန်ဆာရီက အီရန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေအားလုံး တင်းမာမှုတွေကို စားပွဲဝိုင်းပေါ်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့အတွက် ကာတာအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကြိုးပမ်းနေကြောင်းလည်း ထည့်သွင်းပြောကြားသွားပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here