စစ်ရေးပဋိပက္ခများဖြစ်ပေါ်ချိန်၌ ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကို အကြမ်းဖက်အဖွဲ့ဝင်များကဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသဖြင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများနှင့် အဆောက်အအုံများကိုအမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၉ ရက်က ပျက်စီးနေသည့် ဌာနဆိုင်ရာရုံးများ၊ အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများ၊ နေအိမ်များ၏ပျက်စီးမှုစာရင်းကို ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးမှုစာရင်းကောက်ယူရေးဆပ်ကော်မတီဝင်များမှလိုက်လံကောက် ယူခဲ့ကြကြောင်း သိရသည်။
