Wednesday, September 23, 2026

တရုတ်-အာဆီယံကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီး ဆုတံဆိပ်...

ပဲခူး၊ စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ...

ပူတင်နဲ့ ထရမ့် တွေ့ဆုံဖို့ အဆင်သင့်ရှိပေမဲ့...

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပေမဲ့၊ ဘယ်အချိန် တွေ့မလဲဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့...

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး...

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့်...

ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊...

ဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော် ရန်ကုန်၊ စက်တင်ဘာ...
HomeNewsLocal Newsဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး...

ဧရာဝတီမြစ်တွင် တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေး အမျိုးသားအဆင့်စီမံကိန်းအဖြစ် ဆောင်ရွက်ရန် အဆိုတင်သွင်း

ပြည်သူ့လွှတ်တော်က အဆိုကို လက်ခံဆွေးနွေးရန် ကြေညာ

နေပြည်တော်၊ စက်တင်ဘာ ၂၂

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြစ်ကြောင်းစီမံခန့်ခွဲမှုလုပ်ငန်းများကို အမျိုးသားအဆင့်စီမံကိန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကသာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးက တင်သွင်းခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က လက်ခံဆွေးနွေးရန် ကြေညာခဲ့သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်မှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ဖြတ်သန်းကာ ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် ပင်လယ်ပြင်သို့ စီးဝင်သည့် အဓိကရေကြောင်းလမ်းမကြီးဖြစ်ပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးအတွက် နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြောင်း ဦးတင်ဌေးက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။

မြစ်အတွင်း တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာနိုင်ရေးအတွက် မြစ်ကြောင်းတူးဖော်ထိန်းသိမ်းခြင်း၊ ရေကြောင်းအမှတ်အသားများ တပ်ဆင်ခြင်း၊ ခေတ်မီရေကြောင်းလမ်းညွှန်စနစ်များ အသုံးပြုခြင်းနှင့် ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်သင့်ကြောင်း အဆိုတွင် တင်ပြထားသည်။

ဧရာဝတီမြစ်အတွင်း ရေယာဉ်များ တစ်နှစ်ပတ်လုံး လုံခြုံချောမွေ့စွာ သွားလာနိုင်ပါက ကုန်စည်ပို့ဆောင်ရေးစရိတ်များ လျော့ကျစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု အဆိုတင်သွင်းသူက ပြောကြားခဲ့သည်။

အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၂၄ ရက် နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ပြည်သူ့လွှတ်တော်က သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-အာဆီယံကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီး ဆုတံဆိပ် ၂ ခု ဆွတ်ခူး

ပဲခူး၊ စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026) တွင် ပဲခူးတိုင်းဒေသကြီးက ဆုတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်စည်ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ မြန်မာနိုင်ငံမှ ဒုတိယသမ္မတ (၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့်...

ပူတင်နဲ့ ထရမ့် တွေ့ဆုံဖို့ အဆင်သင့်ရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေး

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပေမဲ့၊ ဘယ်အချိန် တွေ့မလဲဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။ ​သတင်းစာရှင်းလင်းပွဲမှာ သူက "အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတင်းအချက်အလက်တော့ မရှိသေးပါဘူး။ ရုရှားနဲ့ အမေရိကန် သမ္မတနှစ်ဦး တွေ့ဆုံမယ့်ကိစ္စ ဆိုရင်တော့ သမ္မတဘက်က အဆင်သင့်ပါပဲ" လို့ ပြောခဲ့ပါတယ်။ ​ဒါ့အပြင် "သမ္မတ ပူတင်နဲ့ ထရမ့်တို့ဟာ ဖုန်းပြောကြတဲ့အခါတိုင်း လိုအပ်လာရင်...

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး သေဆုံး

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ်အရွယ် ဘောလုံးကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက Lion City အသင်းနှင့် တောင်ပေါ်သားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ဒုတိယပိုင်း အချိန်ပို ၆ မိနစ်ကျော်အရောက်၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071