Wednesday, September 23, 2026

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး...

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့်...

ကျောက်တုံးကြီး လိမ့်ကျမှုအပြီး တောင်ကြီး ဘုရားတောင်ရှိ...

သတ္တုတွင်းဦးစီးဌာနရုံးကို ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ ဘေးအန္တရာယ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်မည် တောင်ကြီး၊ စက်တင်ဘာ ၂၃ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာနရုံးအဆောက်အအုံ ပျ-က်စီးခဲ့သည့် ဘုရားတောင် ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်စဉ်အပြီး တောင်ထိပ်ရှိ...

ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံ၌ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း...

အားကောင်းသောမုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ခြင်းမရှိ၊

စက်တင်ဘာ ၂၅ ရက်အထိ ဒေသအချို့ မိုးဆက်ရွာမည် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်၍ ရေကြောင်းနှင့် ရေလုပ်ငန်းများ သတိပြုရန် မိုးဇလအသိပေး နေပြည်တော်၊...
HomeNewsLocal Newsခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့်...

ခရီးသည်များ၏ ဖုန်းအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် DPTOA အသိပေး

ဘုရားဖူးယာဉ်များ နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ ထွက်ခွာရန်၊ ခရီးသည်များ NRC သို့မဟုတ် ခရီးသွားထောက်ခံစာ ယူဆောင်ရန် နှိုးဆော်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဘုရားဖူးခရီးစဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ခရီးသည်များ၏ မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ မပါရှိစေရန် အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) က စက်တင်ဘာ ၂၁ ရက်တွင် အသိပေးနှိုးဆော်ထားသည်။

ထို့ပြင် ခရီးသည်များအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် ရဲစခန်းမှ ခရီးသွားထောက်ခံစာ ယူဆောင်လာကြရန်နှင့် ခရီးသွားလမ်းညွှန် (Guide) များအနေဖြင့် လမ်းခရီးရှိ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထားသည်။

ဘုရားဖူးယာဉ်များကို နံနက် ၅ နာရီနှင့် နောက်ပိုင်းမှ စတင်ထွက်ခွာစေပြီး စုရပ်သို့ ပြန်လည်ရောက်ရှိချိန်ကို ည ၈ နာရီမှ ၁၀ နာရီအတွင်း ဖြစ်စေရန် ခရီးစဉ်ရေးဆွဲစေလွှတ်ကြရန်လည်း နှိုးဆော်ထားသည်။

အသင်းဝင်များအနေဖြင့် အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်မိတ္တူများကို ယာဉ်ပေါ်တွင် ယူဆောင်သွားရန်၊ လုပ်ငန်းရှင်များက လိုအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ လိုင်စင်များကို သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရယူထားရန်လည်း အသိပေးထားသည်။

ခရီးစဉ်ပြီးဆုံးချိန်တွင် ခရီးသည်များ အိမ်ပြန်ရာ၌ အဆင်ပြေစေရေးအတွက် Guide များက Taxi (Grab) ငှားရမ်းပေးခြင်း၊ ယာဉ်နံပါတ်မှတ်တမ်းတင်ထားခြင်းနှင့် ခရီးသည်အိမ်ရောက်ချိန်တွင် Guide ထံ ဖုန်းပြန်ဆက်စေခြင်းတို့ ဆောင်ရွက်ရန်လည်း ပါရှိသည်။

ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အသင်းဝင်ဂိတ်အချင်းချင်း အသိပေးရန်နှင့် DPTOA Member Group ထံ စာရေးသားအသိပေးရန် နှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး သေဆုံး

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၉ နှစ်အရွယ် ဘောလုံးကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက Lion City အသင်းနှင့် တောင်ပေါ်သားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် ဒုတိယပိုင်း အချိန်ပို ၆ မိနစ်ကျော်အရောက်၌...

ကျောက်တုံးကြီး လိမ့်ကျမှုအပြီး တောင်ကြီး ဘုရားတောင်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေ ပညာရှင်များ စစ်ဆေး

သတ္တုတွင်းဦးစီးဌာနရုံးကို ယာယီပြောင်းရွှေ့ထားပြီး စစ်ဆေးချက်ရလဒ်အပေါ်မူတည်၍ ဘေးအန္တရာယ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်မည် တောင်ကြီး၊ စက်တင်ဘာ ၂၃ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ သတ္တုတွင်းဦးစီးဌာနရုံးအဆောက်အအုံ ပျ-က်စီးခဲ့သည့် ဘုရားတောင် ကျောက်တုံးကြီးလိမ့်ကျမှုဖြစ်စဉ်အပြီး တောင်ထိပ်ရှိ ကျောက်သားများ ထပ်မံပြိုကျနိုင်ခြေရှိ၊ မရှိကို ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများပါဝင်သည့် အထူးအဖွဲ့က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် သတ္တုတွင်းဦးစီးဌာန ရုံးအဆောက်အအုံတစ်လုံး ပျ-က်စီးခဲ့ပြီး ထပ်မံပြိုကျလာနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အဆိုပါရုံးကို အခြားနေရာသို့ ယာယီပြောင်းရွှေ့ထားပြီးဖြစ်သည်။ လက်ရှိတွင် တောင်ကြီး ဘူမိဗေဒဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ နေပြည်တော်မှ ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာများပါဝင်သည့် ပညာရှင်အဖွဲ့က ကျောက်တုံးပြိုကျခဲ့သည့်နေရာနှင့်...

ငွေပင်လယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှု စစ်ဆေးတွေ့ရှိ၊ ကျပ် ၇.၉၀၇ ဘီလီယံ ပေးလျော်ရန်နှင့် အမှုဖွင့်အရေးယူ ဆုံးရှုံးခဲ့သည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးပေးလျော်ရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ပန်း၊ ငွေပင်လယ်စက်မှုဇုန်ရှိ “777” ပလတ်စတစ်စက်ရုံ၌ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆုံးရှုံးခဲ့သည့် ဓာတ်အားယူနစ် ၁၀.၄၆၈ သန်းအတွက် လျော်ကြေးငွေ ကျပ် ၇.၉၀၇ ဘီလီယံ ပြန်လည်ပေးလျော်စေရန်နှင့် လျှပ်စစ်ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေးလျက်ရှိရာ စက်တင်ဘာ ၂၁ ရက်တွင် အဆိုပါစက်ရုံ၌ တပ်ဆင်ထားသည့် 2...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071