Home Movies ဦးဝင်းမြင့်အပါအဝင် အကျဥ်းသားများလွှတ်ပေးခြင်းကိုကြိုဆိုဟု အာဆီယံဥက္ကဋ္ဌဆို

ဦးဝင်းမြင့်အပါအဝင် အကျဥ်းသားများလွှတ်ပေးခြင်းကိုကြိုဆိုဟု အာဆီယံဥက္ကဋ္ဌဆို

0
87

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဦးဝင်းမြင့်အပါအဝင် အကျဥ်းသား (၄,၀၀၀) ကျော်ကို လွှတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအတွက် ကြိုဆိုသည်ဟု အာဆီယံဥက္ကဋ္ဌမှ ဧပြီ ၂၄ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ပါတီအသီးသီးပါဝင်မှုရှိသော အမျိုးသားညှိနှိုင်းဆွေးနွေးမှုရောက်ရှိစေရန် အပြုသဘောဆောင်သော အဆင့်ဖြစ်၍ ကျန်ရှိနေသော အကျဉ်းသားများကိုလွှတ်ပေးရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။

မိမိတို့အနေဖြင့် အာဆီယံ၏အရေးပါသော အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းပြီးတည်တံ့ခိုင်မြဲသော နိုင်ငံရေး ဖြေရှင်းချက်တစ်ရပ်ရရှိစေရန် ဆက်လက်ကူညီပံ့ပိုးပေးမည်ကိုလည်း အာဆီယံဥက္ကဋ္ဌက အတည်ပြုပြောဆိုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ (Five-Point Consensus) သည် အဓိကအရေးပါကြောင်း ပြည်သူအားလုံး၏ လုံခြုံရေးနှင့် ကာကွယ်မှုကိုစောင့်ရှောက်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများပေးပို့နိုင်ရန် သင့်တော်သော ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်လည်း အာဆီယံဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here