Tuesday, May 5, 2026

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား...

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...
HomeArticlesအရင်ကစံပြ အခုက ပျံကျ...

အရင်ကစံပြ အခုက ပျံကျ…

ကျွန်တော် ၆ တန်းတုန်းက အတန်း ပိုင်ဆရာမဒေါ်နွယ်နွယ်အေး ဆိုတာက အသက် ၃ဝ လောက် ဖြူ ဖြူချောချော၊ ပါးပါးလျားလျားအပျို ကြီးပါ။ နေဟန်ကိုယ်ဟန်၊ ပြောဟန် ဆိုဟန်ကလည်း အလွန်အေးဆေး ပါတယ်။ အပျိုကြီးမို့ စိတ်နှလုံးလည်း အေးမြပုံရပါတယ်။ သူက မြန်မာစာ သင်ကြားတဲ့ မြန်မာစာဆရာမလည်း ဖြစ်သပေါ့။

ကျွန်တော်က အဲသည်အချိန်မှာ ကလောင်သွေးနေပြီဗျ။ သော်တာ ဆွေ၊ ကြပ်ကလေး၊ ဇင်အောင်စတဲ့ ဟာသစာရေးဆရာကြီးများကို အား ကျပြီး ဟာသဝတ္တုကလေးတွေတောင် ရေးမြောက်ရေး ရေးပါတယ်။ အရေး ကျင့်၊ ကျင့်ရေးရေးတယ်လို့ ဆိုရမှာ ပေါ့လေ။ ကျွန်တော်ဟာ ၇ ရက်တစ် ပတ်ကို ဗလာစာအုပ်စာမျက်နှာ ၁၂ဝ လောက်ရှိတဲ့ အစိုးရထုတ် အကြမ်းစာအုပ်နဲ့ ဟာသဝတ္တုတစ်ပုဒ် တော့ ရေးထုတ်နိုင်ပါတယ်။ ရသ မြောက်တာ၊ မမြောက်တာ အပထား။ ကလောင်သွေးနေသူလူငယ် (စာရေး ဆရာအလောင်းအလျာ)တစ်ယောက် ရဲ့ ဇွဲသန်တဲ့ အားထုတ်မှုပါပဲ။ သည် လိုအားထုတ်မှုရဲ့ အသီးအပွင့်အဖြစ် နောင်နှစ် ၂ဝ အကြာမှာ ကျွန်တော် ဟာ ဝတ္တုရေးပြီး ထမင်းစားနိုင်တဲ့ (ထမင်းဝတာ၊ မဝတာအပထား) ကြေးစား Pro ‘ပရို’ စာရေးဆရာ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်က ပေါက်တတ်ကရ ဟာသဝတ္တုတွေကို အိမ်မှာလည်း ရေး၊ ကျောင်းမှာလည်း ဆရာ၊ ဆရာ မတွေ မသိအောင် ခိုးခိုးပြီး ရေးတယ် ဗျ။ စာရေးဖို့ Óဏ်ကလည်း ရွှင် လိုက်တာဗျာ။ အဲသည်ဥာဏ်မျိုး ခု ချိန်မှာ ပြန်ပြီး လိုချင်စမ်းပါဘိ။

တစ်ခါတော့၊ အတန်းထဲမှာ ကျွန်တော်ဝတ္တုခိုးရေးနေတာကို တီ ချယ်ဒေါ်နွယ်နွယ်အေးက မိသွားပါ လေရော။

”ဘာတွေ ရေးနေတာတုံးကွယ့် အေးဝင်းထွန်းရဲ့၊ ပြစမ်း”

”အဟီး ..ဟီး၊ စာစီစာကုံး လေ့ကျင့်နေတာပါ တီချယ်”

ဒေါ်နွယ်နွယ်အေးက ကျွန် တော်ဝတ္တုရေးတဲ့ စာအုပ်ကို ဆွဲယူ ပြီး ဟိုလှန်ဒီလှောနဲ့ ဖတ်ကြည့်တယ်။

”အော …ဝတ္တုတွေ ရေးနေ တာကိုး။ စာရေးဆရာ လုပ်စားမလို့ လားကွယ့် ဟင်”

ဆရာမဟာ အေးဆေးပါ။ မဆူ ပါဘူး။ စိတ်ဆိုးပုံလည်း မရပါဘူး။ ကျွန်တော့်မှာတော့ စာအုပ်အသိမ်း ခံရမှာစိုးပြီး ရင်တထိတ်ထိတ်နဲ့ ဆရာမက စာအုပ်ကိုလည်း မသိမ်း ပါဘူး။ စာအုပ်ကို ပြန်ပေးပြီး ကျွန် တော့်ကို ညင်ညင်သာသာကလေး ဆုံးမစကားပြောပါတယ်။

”ဝတ္တုရေးတာ ဝါသနာပါရင် အားတဲ့အချိန် အိမ်မှာ ရေးပေါ့ကွယ်။ ကျောင်းမှာဆိုရင် မင်းသင်ခန်းစာ တွေ မလိုက်နိုင်ဘဲ စာမေးပွဲမှာ အ ဆင့်ကျသွားနိုင်တယ်ကွယ့်”

”ဟုတ်ကဲ့ တီချယ်။ နောက်ကို အတန်းထဲမှာ ကျွန်တော်ဝတ္တုမရေး တော့ပါဘူး”

ဆရာမကို ဝန်ခံကတိပေးလိုက် ပေမယ့် ကျွန်တော်က အတန်းထဲမှာ ဝတ္တုတော့ ခိုးဖတ်တာပဲခင်ဗျ။ ဟာ သဝတ္တုတွေရော၊ ဘာသာပြန်စွန့် စားခန်းဝတ္တုတွေရော စုံနေတာပဲ။ ဝတ္တုတွေ ဖတ်လေလေ၊ ဝတ္တုတွေ ရေးချင်လေလေပါပဲ။ ဒါကြောင့် လည်း နောင်တစ်ချိန်မှာ ကျွန်တော် ဟာ ထမင်းမဝတဲ့ ဝတ္တုရေးဆရာ ဖြစ်လာတာပါ။

အတန်းထဲမှာ ကျွန်တော်ဝတ္တု ခိုးဖတ်၊ ဝတ္တုခိုးရေးနေတာကို ဆရာ မဒေါ်နွယ်နွယ်အေးက ဘာကြောင့် မဆူပူ၊ အပြစ်မတင်ခဲ့တာပါလဲ။ ကျွန် တော်က စာတော်တာကိုး ခင်ဗျ။ လပတ်စာမေးပွဲတွေမှာ ကျွန်တော်က ပထမသာမရတာ။ ကျောင်းသား ကျောင်းသူ ၄ဝ ကျော်လောက်ရှိတဲ့ အတန်းထဲမှာ ကျွန်တော်က အဆင့် ၅ အတွင်းမှာပဲ အမြဲရှိတယ်။ မြန်မာ စာအမှတ်ဆိုရင် ကျွန်တော်အများ ဆုံးပဲ။ ကျွန်တော့်ကို ဘယ်သူမှ လိုက် မမီဘူး။ ကြွားပြောရရင် ကျောင်းမှာ ၆ တန်း၊ တန်းခွဲ ၅ ခုရှိတဲ့အထဲ ကျွန် တော်က မြန်မာစာအတော်ဆုံးလို့ ပြောနိုင်တယ်။ သူသင်ကြားတဲ့ မြန် မာစာဘာသာရပ်မှာ ကျွန်တော်က ထူးချွန်နေတော့ ဆရာမဒေါ်နွယ်နွယ် အေးက ကျွန်တော့်ကို စည်းကမ်း ဖောက်ပေတဲ့ ခွင့်လွှတ်ပေးတာပေါ့ ဗျာ။

စာပေပိုးဆိုတာက အတော်ခက် တာပဲ။ တစ်စုံတစ်ယောက်ရဲ့ ဦး နှောက်ပဲဖြစ်ဖြစ်၊ နှလုံးသားပဲဖြစ် ဖြစ် စာပေပိုးဝင်မိရင် တစ်သက်လုံး ပြန်မထွက်တော့ဘူး မှတ်တာပဲ။

စာပေပိုး ‘အတု’ဆိုတာက ရှိ သေးတယ်ဗျ။ ၆ တန်းတုန်းက ကျွန် တော်နဲ့ ဘေးချင်းကပ်ထိုင်ကြတဲ့ အတန်းဖော်သူငယ်ချင်း ၂ ယောက် ရှိကြတယ်။ ဝင်းကြည်နဲ့ အောင်တင့် တဲ့။ သည်ကောင်တွေကလည်း ကျွန် တော့်ကို အားကျပြီး ဖြစ်ကတတ် ဆန်းဝတ္တုကလေးတွေ လိုက်ရေးတာ ပါပဲ။ ခက်တာက သည်ငတိတွေဟာ ကျွန်တော့်လို စာမဖတ်ကြဘူး။ သည် ကောင်တွေ တက္ကသိုလ်ဘုန်းနိုင်မသိ ဘူး။ ခင်နှင်းယုမသိဘူး။ ရွှေဥဒေါင်း လည်း မသိဘူး။ ဒဂုန်ရွှေမျှားလည်း မသိကြဘူး။ စစ်ကိုင်းဘိုးကိုသင်းလို့ ပြောရင် …သည်ငတိတွေ အူ လည်လည်ဖြစ်ပြီး ”စစ်ကိုင်းကဆို တော့ ဦးဘိုးသင်းဟာ ယောဂီကြီး လား၊ ရသေ့ကြီးလား”လို့တောင် မေး ချင်မေးကြမှာ။ ကျွန်တော်က ၇ တန်း အရောက်မှာ ရန်ကုန်အဆွေလည်း ဖတ်နေပြီ။ ဗန်းမော်တင်အောင်လည်း ဖတ်နေပြီ။ အဲသည်ဆရာကြီး ၂ ပါး ရဲ့ စကားပြေတွေက ကလောင်လက် သင်တွေ ဆည်းကပ်ရမယ့် လက်စွဲ ကျမ်းစာတွေပဲ။ လယ်တီဆရာတော် နဲ့ သက္ဈတောင်ဆရာတော်တို့ရဲ့ စကားပြေတွေကိုတော့ တက္ကသိုလ် အဆင့်ရောက်မှ လေ့လာအတုယူကြ ပေါ့လို့ သည်နေရာကနေ ကျွန်တော် ဆရာကြီးလုပ်ပါရစေ။

ကျွန်တော့်မှာ ဆရာကြီးလုပ်ချင် တဲ့ရောဂါကလည်း မသေးလှဘူးခင်ဗျ။ အခုခေတ်စားနေတဲ့ Facebook ဆို တာက ထမင်းစားရေသောက်စာရေး တတ်ရင် စာရေးလို့ရပြီဆိုတော့ လွတ်လွတ်လပ်လပ်ရေးချင်သလို ရေးနေကြတော့ ‘စကားပြေအတတ် ပညာ’ကို မလေ့လာကြတော့ဘူး။ မြန်မာစကားပြေရဲ့ အလှအပဆိုတာ ကို ဘာမှန်းညာမှန်းမသိရှာကြတော့ ဘူး။ ဝေါဟာရအသုံးအနှုန်းရွေးချယ် ပုံ၊ ဝါကျစည်းရုံးပုံ၊ ပန်းတိုင်ဆီသို့ ဆွဲ ငင်သယ်ဆောင်ပုံတို့ကို င်္ခေနဘသသု ထဲ နစ်နေကြသူတွေ ဒုံးဝေးကုန်ကြပါပြီ။ ကျွန်တော်ပြောရဲတယ်။Facebook သမားတွေထဲက နောင်အနာဂတ်မှာ အတုယူလောက်တဲ့ စကားပြေဆရာထွက် ပေါ်မလာနိုင်ဘူး။ မီးကျိုးမောင်းပျက် စာတိုပေစFragmentary တွေပဲ ထွက်လာကြစရာရှိတယ်။ အခု တောင် ..စာတိုပေစပဲ ရေးနေကြ တဲ့ စာရေးဆရာ၊ ကဗျာဆရာတချို့ ကို တွေ့နေရလို့ စိတ်ညစ်ရသေးဗျာ။ ဆရာမဒေါ်နွယ်နွယ်အေးနဲ့ ဆုံတွေ့ ခဲ့ရပြီးနောက်၊ နှစ်ပေါင်း ၂ဝ ကျော် လာတဲ့နေ့တစ်နေ့။ တစ်ကိုယ်ရေ မိန်းမသား ဆရာမတွေချည်း စုနေ ကြတဲ့ အိမ်တစ်လုံးရှေ့ကို မိုးရေထဲ မှာ စုတ်စုတ်ပြတ်ပြတ်လူရွယ်တစ် ယောက်ရောက်လာပါတယ်။ မိုးရေရွှဲ နေတဲ့ လူရွယ်ဟာ အိမ်ရှေ့တံခါးဝ မှာ တုန်တုန်ရီရီဖြစ်နေတယ်။ မိုးမိ ပြီး ချမ်းနေတာမဟုတ်ဘူး။ အရက် မသောက်ရလို့ အရက်နာကျပြီး က တုန်ကယင်ဖြစ်နေတာပါ။

ဒေါ်နွယ်နွယ်အေးက အိမ်ထဲက ထွက်လာပြီး လူရွယ်လက်ထဲကို ငွေ စက္ကူတစ်ရွက်ထည့်လိုက်ပါတယ်။

”အေးဝင်းထွန်း မင်းဟာ ကျောင်း တုန်းက စံပြကျောင်းသားနော်။ ဒါကို သတိရဦးကွယ့် ငါ့တပည့်”

”ဟုတ်ကဲ့ပါ တီချယ်။ ဟိုတုန်း ကတော့ ကျွန်တော်ဟာ စံပြပါ။ အခု တော့ ပျံကျဖြစ်နေပါပြီခင်ဗျာ …”

ကျွန်တော်က မချိပြုံးကလေးနဲ့ ပြောလိုက်မိပါတယ်။ မှန်ကန်သော သစ္စာစကားပါ။ ကျွန်တော်ဟာ စာမူ ခကလေး တစ်ပဲခြောက်ပြားရဖို့ စာ နယ်ဇင်းမျိုးစုံမှာ ဟိုဟာရေးလိုက် သည်ဟာရေးလိုက်နဲ့ ပျံကျလုပ်ကိုင် စားသောက်နေရတဲ့ ပျံကျစာရေး ဆရာဘဝမှာ ရောက်နေခဲ့ရပေသ ကိုး။ ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071