ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။
ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၌ နိုင်ငံတော်အလံကိုအလေးပြုပြီး မီးသတ်ယာဥ်များဖြင့် ရေပတ်ဖြန်းခြင်းတို့ကိုလည်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။
