Friday, September 11, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတသည်...

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone...

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ...

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လ နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait...

ဆော်ဒီကိုတို-က်နေသောဟူသီအဖွဲ့ကိုထိန်းရန်အီရန်ကိုပါကစ္စတန် သတိပေး

အကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေး ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ဆော်ဒီကို တို-က်ခိုက်မှုများ ကို အရှိန်မြှင့်လာသော အီရန်၏ မဟာမိတ် ယီမင်ဟူသီများကို ထိန်းပေးရန် ပါကစ္စတန်က အီရန်ကို...
HomeNewsLocal Newsအဂတိနှင့်ပတ်သက်၍အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို...

အဂတိနှင့်ပတ်သက်၍အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့်ဆောင်ရွက်ထား

အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အဂတိတိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ အစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်း မွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေ သည့် ကိစ္စရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုအစီအစဉ်ကို Short Code နံပါတ် “1111” မှ တစ်ဆင့် SMS ဖြင့်ပေးပို့မေးမြန်းနိုင်ပြီး၊ မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMSများ ပြန်လည်ဖြေကြား ပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း  အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတသည် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ယာယီနိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင်...

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန်ကြိုးပမ်းမှု လုံခြုံရေးတပ်ဖွဲ့များ ဟန့်တားနိုင်ခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ပျ-က်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျ-က်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျ-က်ပြားစေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ပ-စ်ခတ်တို-က်ခိုက်ခြင်း၊ Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတို-က်ခိုက်ခြင်းတို့...

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လ နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်း သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ယူရီးယားဓာတ်မြေဩဇာ တင်သွင်းမှု အပေါ်ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ တောင်သူလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများကို အချိန်မီ ဖြန့်ဖြူးရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားချိန်တွင် ယူရီးယားဓာတ်မြေဩဇာ သင်္ဘောများဖြတ်သန်းသွားလာရန် အခက်အခဲကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071