Friday, September 11, 2026

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone...

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ...

ဆော်ဒီကိုတို-က်နေသောဟူသီအဖွဲ့ကိုထိန်းရန်အီရန်ကိုပါကစ္စတန် သတိပေး

အကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေး ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ဆော်ဒီကို တို-က်ခိုက်မှုများ ကို အရှိန်မြှင့်လာသော အီရန်၏ မဟာမိတ် ယီမင်ဟူသီများကို ထိန်းပေးရန် ပါကစ္စတန်က အီရန်ကို...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက်...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက်...
HomeNewsLocal Newsယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လ နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်း သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ယူရီးယားဓာတ်မြေဩဇာ တင်သွင်းမှု အပေါ်ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ တောင်သူလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများကို အချိန်မီ ဖြန့်ဖြူးရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားချိန်တွင် ယူရီးယားဓာတ်မြေဩဇာ သင်္ဘောများဖြတ်သန်းသွားလာရန် အခက်အခဲကြောင့် ယခင်ကဲ့သို့သင်္ဘော ကြီး/ငယ် ရွေးချယ်ဆောင်ရွက်နိုင်ခြင်း မရှိဘဲရေလက်ကြားရှိ သင်္ဘောများဖြင့်သာ ချိတ်ဆက်တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ရပြီး ရေလက်ကြားမှ ကျော်ဖြတ်လာနိုင်သည့် ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၅ဝဝဝဝ တင်ဆောင် လာသည့် သင်္ဘောဖြင့်ချိတ်ဆက်၍ မှာယူတင်သွင်း သယ်ဆောင်လာရာတွင် အဆိုပါ သင်္ဘော၏ ရေစူးမှာ ၁၂ ဒသမ ၃၅ မီတာရှိပြီး ရန်ကုန်မြို့ သီလဝါဆိပ် ကမ်းရေစူးမှာ ၁ဝ ဒသမ ၅ဝ မီတာသာရှိ၍ ဝင်ရောက်နိုင်ခြင်းမရှိသည့် အခက်အခဲ ကြုံတွေ့နေရသည်။

လိုအပ်သော ဓာတ်မြေဩဇာကို ပြည်တွင်း၌ ထုတ်လုပ်နေသည့်အပြင် ပြည်ပမှလည်း တင်သွင်းနေရပြီး အရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့ဒေသ)မှ ဖြတ်သန်းတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး အဆိုပါ အခြေအနေများကြောင့် မော်လမြိုင်မြို့အနီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းတို့တွင် ပြောင်း ရွှေ့ ကျောက်ချရပ်နားခြင်း၊ ကုန်စည်လျှော့ချ၍ ဝင်ရောက်ဆိုက်ကပ်နိုင်ရေး ညှိနှိုင်းခြင်းတို့ကို ပြုလုပ်၍ ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅ဝဝဝဝ အနက် တန်ချိန် ၉၆ဝဝ ခန့်ကို သင်္ဘောငယ်လေးစင်းဖြင့် Ship to Ship Operation ပြုလုပ် ပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ တစ်ပေါင်းတည်း ဆိုက်ကပ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောငါးစင်း ဆိုက်ကပ်၍ ကုန်ချမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၁၉ ရက်အထိ စုစုပေါင်း ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် ၂၂၁၅၅ တန် ဆိပ်ကမ်းချပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန်ကြိုးပမ်းမှု လုံခြုံရေးတပ်ဖွဲ့များ ဟန့်တားနိုင်ခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ပျ-က်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျ-က်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျ-က်ပြားစေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ပ-စ်ခတ်တို-က်ခိုက်ခြင်း၊ Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတို-က်ခိုက်ခြင်းတို့...

ဆော်ဒီကိုတို-က်နေသောဟူသီအဖွဲ့ကိုထိန်းရန်အီရန်ကိုပါကစ္စတန် သတိပေး

အကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေး ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ဆော်ဒီကို တို-က်ခိုက်မှုများ ကို အရှိန်မြှင့်လာသော အီရန်၏ မဟာမိတ် ယီမင်ဟူသီများကို ထိန်းပေးရန် ပါကစ္စတန်က အီရန်ကို သတိပေးခဲ့ကြောင်း ဆော်ဒီ၊ ပါကစ္စတန်နှင့် အီရန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလတွင် အမေရိကနှင့် အစ္စရေးတို့၏ အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံ ကို အကြီးမားဆုံးတို-က်ခိုက်မှုများထဲမှ တစ်ခုအဖြစ် အင်္ဂါနေ့တွင် ခါမစ်မူရှိတ်ရှိ လေတပ်စခန်းနှင့် အနီးနားမြို့များရှိ ရေနံအခြေခံအဆောက်အဦ များကို ဟူသီတို့က တို-က်ခိုက်ခဲ့သောကြောင့် လူ ၇၃ ဦး ဒ-ဏ်ရာရရှိခဲ့သည်။ ဆော်ဒီစစ်လေယာဉ်များသည် ပြီးခဲ့သည့် ၁၂...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDC) များကို ချိတ်ဆက်ရန် တွန်းအားပေးနေကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အိန္ဒိယသည် ယခုနှစ်တွင် ဘရစ်ဥက္ကဌအဖြစ် တာဝန်ယူထားပြီး စက်တင်ဘာလ ၁၂ ရက် နေ့မှ ၁၃ ရက်နေ့အထိ နူးဒေလီတွင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားသည်။ အိန္ဒိယဗဟိုဘဏ်(RBI) သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071