နေပြည်တော်၊ စက်တင်ဘာ ၁၀
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ပျ-က်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျ-က်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျ-က်ပြားစေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ပ-စ်ခတ်တို-က်ခိုက်ခြင်း၊ Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတို-က်ခိုက်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တံတားဦးမြို့နယ်ရှိ အများပြည်သူအသုံးပြုလျက်ရှိသည့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများသို့ FPV Suicide Drone ခြောက်စင်းဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Drone များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားခဲ့ပြီး Drone ရန်ကာကွယ်ရေးအစီအမံများဖြင့်လည်း ဟန့်တားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အများပြည်သူများ အန္တရာယ်ကင်းရှင်းရေးအတွက် Drone ယာဉ်များ ကျရောက်နိုင်သည့်နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ သတ်မှတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် အဓိကအသုံးပြုနေသည့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
