Friday, September 11, 2026

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone...

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ...

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လ နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက်...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက်...
HomeNewsLocal Newsဆော်ဒီကိုတို-က်နေသောဟူသီအဖွဲ့ကိုထိန်းရန်အီရန်ကိုပါကစ္စတန် သတိပေး

ဆော်ဒီကိုတို-က်နေသောဟူသီအဖွဲ့ကိုထိန်းရန်အီရန်ကိုပါကစ္စတန် သတိပေး

အကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေး ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ဆော်ဒီကို တို-က်ခိုက်မှုများ ကို အရှိန်မြှင့်လာသော အီရန်၏ မဟာမိတ် ယီမင်ဟူသီများကို ထိန်းပေးရန် ပါကစ္စတန်က အီရန်ကို သတိပေးခဲ့ကြောင်း ဆော်ဒီ၊ ပါကစ္စတန်နှင့် အီရန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် အမေရိကနှင့် အစ္စရေးတို့၏ အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံ ကို အကြီးမားဆုံးတို-က်ခိုက်မှုများထဲမှ တစ်ခုအဖြစ် အင်္ဂါနေ့တွင် ခါမစ်မူရှိတ်ရှိ လေတပ်စခန်းနှင့် အနီးနားမြို့များရှိ ရေနံအခြေခံအဆောက်အဦ များကို ဟူသီတို့က တို-က်ခိုက်ခဲ့သောကြောင့် လူ ၇၃ ဦး ဒ-ဏ်ရာရရှိခဲ့သည်။

ဆော်ဒီစစ်လေယာဉ်များသည် ပြီးခဲ့သည့် ၁၂ နာရီအတွင်း ယီမင်ပြည်နယ်အသီးသီးတွင် လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်အတွက် ၎င်းတို့အနေဖြင့် လက်တုန့်ပြန်မှု၊ အပြစ်ပေးမှု မဖြစ်မနေလုပ်သွားမည်ဟု ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

စစ်ပွဲစခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုနှင့် အီရန်သည် ပင်လယ်ကွေ့ဒေသရှိ ကုန်သွယ်သင်္ဘောများကို အကြီးမားဆုံး အပြန်အလှန် လက်တုန့်ပြန်တို-က်ခိုက်မှုများ ပြုလုပ်နေချိန်တွင် ကမ္ဘာတစ်ဝန်း စွမ်းအင်ထောက်ပံ့ ဖြည့်တင်းမှုများကို အန္တရာယ်ပြုခြိမ်းခြောက်သည့် ဒုတိယစစ်မြေပြင်၏ ပဋိပက္ခမြင့်တက်လာခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျ၊ တူကီယေးတို့နှင့် ကာကွယ်ရေးသဘောတူညီချက်ရှိထားသောကြောင့် ပါကစ္စတန်၏ အီရန်အပေါ် သတိပေးချက်သည် သိသာထိရောက်သည့် အရေးပါမှုရှိသည်။

စစ်ရေးအရ ပါဝင်မှုတိုင်းသည် ဆော်ဒီနယ်မြေကို ကာကွယ်ရန်အတွက်သာ ကန့်သတ်ထားသည်ဟု အစ္စလမ်မာဘတ်ရှိ အရာရှိများက ပြောကြားသော်လည်း ဆော်ဒီနိုင်ငံအတွင်းထိ ရောက်ရှိလာသော တို-က်ခိုက်မှုများသည် ရီယာ့ဒ်၊ အန်ကာရာနှင့် အစ္စလမ်မာဘတ်တို့ပါဝင်သော ပူးတွဲလုံခြုံရေးအစီအစဉ်တစ်ခုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်ဖ်က ပြောကြားခဲ့သည်။

“တစ်နိုင်ငံအပေါ် ကျူးကျော်မှုကို သုံးနိုင်ငံစလုံးအပေါ် ကျူးကျော်မှုအဖြစ် မှတ်ယူမည်” ဟု အာဆစ်ဖ်က ပါကစ္စတန်တီဗီမှတဆင့် ပြောကြားခဲ့သည်။

“မရေရာမှု ဒါမှမဟုတ် သံသယ ဆိုတာ မရှိပါဘူး။ ဆော်ဒီနိုင်ငံအတွင်းကို ဆော်ဒီက မစဘဲ ဆော်ဒီကျုးကျော်ရန်စတာ ဒါမှမဟုတ် ဘေးပတ်ဝန်းကျင် ကို တိုက်ခိုက်ရင်း ဆော်ဒီထဲကို ရောက်လာတာမျိုးဟာ ဒီသဘောတူညီချက်ကို သေချာပေါက် အသက်ဝင်စေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

Ref: ဂျေတီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန်ကြိုးပမ်းမှု လုံခြုံရေးတပ်ဖွဲ့များ ဟန့်တားနိုင်ခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၀ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးဝန်းကျင်နေရာများကို FPV Suicide Drone များဖြင့် တို-က်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု ပျ-က်စီးစေရန်၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျ-က်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျ-က်ပြားစေရန် ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ပ-စ်ခတ်တို-က်ခိုက်ခြင်း၊ Drone များအသုံးပြု၍ Drop Bomb များ ပစ်ချတို-က်ခိုက်ခြင်းတို့...

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်

ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လ နောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်း သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ယူရီးယားဓာတ်မြေဩဇာ တင်သွင်းမှု အပေါ်ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ တောင်သူလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများကို အချိန်မီ ဖြန့်ဖြူးရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားချိန်တွင် ယူရီးယားဓာတ်မြေဩဇာ သင်္ဘောများဖြတ်သန်းသွားလာရန် အခက်အခဲကြောင့်...

ဒစ်ဂျစ်တယ်ငွေကြေးစနစ်များကိုချိတ်ဆက်ရန်ဘရစ်ကိုအိန္ဒိယတွန်းနေ

တိုးတက်မှုကို ကန့်သတ်နိုင်သည့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အတားအဆီးများရှိနေသော်လည်း အိန္ဒိယနိုင်ငံသည် ယခုသီတင်းပတ်အနှောင်းပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ဘရစ်(BRICS) နိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDC) များကို ချိတ်ဆက်ရန် တွန်းအားပေးနေကြောင်း ဆွေးနွေးမှုများကို သိရှိသော သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အိန္ဒိယသည် ယခုနှစ်တွင် ဘရစ်ဥက္ကဌအဖြစ် တာဝန်ယူထားပြီး စက်တင်ဘာလ ၁၂ ရက် နေ့မှ ၁၃ ရက်နေ့အထိ နူးဒေလီတွင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားသည်။ အိန္ဒိယဗဟိုဘဏ်(RBI) သည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071