Sunday, August 2, 2026

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ RBE ရထားတစ်စင်းလမ်းချော်ခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွဲ(၂)တွဲပါ ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ်ပြေးဆွဲပေးနေသော RBE ရထားလမ်းချော်ကျခဲ့မှု သြဂုတ် ၁ ရက်နံနက်...

ခမ်းပါတ်မြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာ

ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် ခမ်းပါတ်မြို့၌ အစိုးရယန္တရားများပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ် ၁ ရက်နေ့လည်ပိုင်းက ခမ်းပါတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများအင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊...

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို...

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍...

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍...

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂)...
HomeArticlesသိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး...

သိလိုရာမေး အဖြေပေးမည့် မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့မဟုတ်) ChatGPT အပိုင်း (၂)

သင့်အနေနဲ့သင်ရေးစေချင်တဲ့ အရေးအသားပုံစံ၊ သင်လိုချင်တဲ့ ဘယ်လိုအကြောင်းအရာ မျိုးကိုမဆို တိတိကျကျနဲ့ လိုချင်တဲ့အတိုင်း ChatGPT က ရေးပေးမှာဖြစ်ပါတယ်။ စာပိုဒ်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း ရေးထုတ်ပေးနိုင်ပါတယ်။ ChatGPT ကထုတ်ပေးလိုက်တဲ့စာတွေကို အလွယ်တကူပြင်ဆင်ပြီး မွမ်းမံကာရေးသားလို့ရပါတယ်။ 

CNET, Buzzfeed နဲ့ အခြားသော ဝဘ်ဆိုက်တွေဟာ လူသားစာရေးဆရာတွေနဲ့အတူ ChatGPT တွေကိုတွဲဖက်အသုံးပြုပြီး စာတွေရေးသားခိုင်းနေပြီဆိုတာပါပဲ။ ဒီနည်းပညာကို အသုံးပြုဖို့ဆုံးဖြတ်သူတွေအတွက် အန္တရာယ်ရှိတဲ့အလားအလာတွေ၊ စွန့်စားစရာတွေလည်း ရှိနေပါတယ်။ 

နည်းပညာဆိုတာ တစ်ခါတစ်လေမှာ မှားယွင်းတာမျိုး၊ အချက်အလက်အမှားတွေ ထုတ်ပေးတာမျိုးနဲ့ အဓိပ္ပါယ်လွဲမှားဖော်ပြတာမျိုးတွေရှိနိုင်ပါတယ်။ 

နောက်ပြီး သူရေးပေးလိုက်တဲ့ အချက်အလက်က ခေတ်မမီတော့တာ၊ အကြောင်းအရာ ခိုးယူထားတာမျိုး၊ ဒါမှမဟုတ် အချက် အလက်မှားနေတာတွေလားဆိုတာကို ပြန်လည် စစ်ဆေးဖို့အတွက်လည်း အခက်အခဲတွေရှိနေပါတယ်။

တစ်နည်းဆိုရရင် ChatGPT မှာ အကျိုးကျေးဇူးတွေ အများကြီးရှိနေတယ်ဆိုပေမည့် သူဟာ ပြည့်စုံတဲ့အဆင့်ကိုတော့ မရောက်သေးပါဘူး။ ChatGPT ကို အသုံးပြုမယ်ဆိုရင် သူ့မှာ ကန့်သတ်ချက်ဆိုတဲ့ အချို့သော စိန်ခေါ်စရာတွေ ရှိကြောင်း သတိထားဖို့လိုပါတယ်။

ChatGPTရဲ့စာအရေးအသားနဲ့ပတ်သက်ပြီးပြောရရင် သူ့ရဲ့ဖန်တီးနိုင်စွမ်းကို ကန့်သတ် ထားတာမျိုးမရှိပါဘူး။ သူ့ကို စာအရေးအသားတွေရေးခိုင်းလို့ရယုံတင်မကဘဲ နည်းပညာပိုင်းအရေးအသားတွေကိုပါ ရေးခိုင်းလို့ရပါတယ်။ သူ့မှာ ဖန်တီးရေးသားနိုင်စွမ်းရှိတာကြောင့် အိပ်ယာဝင်ပုံပြင်တွေ၊ စွန့်စားခန်းတွေ၊ ဆယ်ကျော်သက် စိတ်ကူးယဉ် ဝတ္ထုတွေ၊ ဇာတ်ညွှန်းရေးတာတွေ၊ ဟာသပျက်လုံးတွေအပြင် အခြားဖန်တီးမှုအရေးအသားအစုံကို ရေးခိုင်းလို့ရပါတယ်။ ဒါ့အပြင် သူ့ကို သီချင်းစာသားရေးဖွဲ့ခိုင်းတာမျိုး၊ ကဗျာနဲ့ကာရံတွေ ရေးခိုင်းတာမျိုးကိုလည်း  ရေးခိုင်းလို့ရပါတယ်။

အလားတူပဲ သင်ရေးထည့်လိုက်တဲ့ ဘယ်လိုအရေးသားမျိုးကိုမဆို ဆန်းစစ်ဝေဖန်ပေးတာ၊ အကျဉ်းချုံ့ပေးတာနဲ့ စိစစ်ပိုင်းခြားပေးတာမျိုးတွေကိုပါ ChatGPT ကဆောင်ရွက်ပေးပါလိမ့်မယ်။ ChatGPT က ချက်ချင်းငှားလို့ရနိုင်မည့်စာအုပ်စာရင်းတွေ၊ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့ ဇာတ်လမ်းအတက်အကျတွေ၊ သီချင်းစာသား(သို့) စိတ္တဇကဗျာတွေနဲ့ အကြောင်းအရာတစ်ခုကိုနားလည်ဖို့အတွက် အနှစ်ချုပ်ထုတ်ပေးတာတွေကိုပါ သင့် အတွက် ရေးသားပေးနိုင်ပါလိမ့်မယ်။

AI ကိုသုံးပြီးပုံတွေရေးဆွဲလို့ရတဲ့ DALL-E နဲ့ သီချင်းတွေဖန်တီးခိုင်းလို့ရတဲ့ Google’s MusicLM ဝဘ်ဆိုက်တို့လိုပဲ ChatGPT ဟာ လူသားတွေရဲ့ခံစားမှုရသနဲ့ ဖန်တီးနိုင်စွမ်းကို နားလည်ပြီး အံ့ဩလောက်ဖွယ်ကောင်းလောက်အောင်တုပကာဖန်တီးနိုင်စွမ်းရှိနေပါ တယ်။ အနုပညာနဲ့ ဖန်တီးနိုင်စွမ်းရှိခြင်းဆိုတဲ့အချက်က ကျွန်တော်တို့လူသားတွေနဲ့ စက်ရုပ်တွေကို ခွဲခြားပေးထားတယ်ဆိုတဲ့ယူဆချက်ကို အဆုံးသတ်စေတော့မှာဖြစ်ပါ တယ်။

ဒီစက်ရုပ်တွေက လူသားတွေခံစားသလို မခံစားနိုင်ပေမည့် သူတို့ဆီမှာ ကျွန်တော်တို့လူသားတွေ ထည့်သွင်းပေးထားတဲ့အချက်အလက်အမြောက်အများရှိနေ တာမို့ လူသားတွေရဲ့လုပ်အားကိုဆန့်ကျင်ကာ သူတို့ဘာသာတီထွင်ဖန်တီးမှုတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

အမှန်တကယ်တော့ ဒီလိုတွေစွမ်းဆောင်နိုင်တယ်ဆိုတာဟာလည်း လူသားတွေဆီကနေ တုပကူးယူထားခြင်းသာဖြစ်ပါတယ်။ အမှန်တိုင်းပြောရရင်တော့ ကျွန်တော်တို့လူသားတွေ ကိုယ်တိုင်လည်း လူတစ်ဦးဆီကနေ အခြားတစ်ဦးက အခုလို ဆင့်ပွားကူးယူခဲ့ကြတာပါပဲ။

လူ့ဦးနှောက်ဆိုတာ ကျွန်တော်တို့မြင်တွေ့ဖူးသမျှထဲမှာတော့ အကြီးကျယ်အခမ်းနားဆုံး အချက်အလက်တွေကိုထည့်သွင်းတာ၊ တွက်ချက်ပြီး ပြန်ထုတ်ပေးတာတွေပြုလုပ်ပေး နိုင်တဲ့ အယ်ဂိုရသမ်တစ်မျိုးပဲဖြစ်ပါတယ်။

လူ့ဦးနှောက်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီ ကတည်းက ဆင့်ကဲစမ်းသပ်မှုတွေနဲ့မှားယွင်းခဲ့တဲ့အမှားတွေအပေါ်အခြေခံတည်ဆောက် ထားပြီး အလွန်အဖိုးတန်တဲ့ဘဝအတွေ့အကြုံထဲကအချက်အလက်တွေနဲ့ လေ့ကျင့် သင်ကြားထားခြင်းသာဖြစ်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာရှိခဲ့ကြတဲ့ မူလတွေးခေါ် သူတွေနဲ့ ဖန်တီးသူတွေဟာ တစ်ယောက်တစ်မျိုးစီပုံစံအမျိုးမျိုးနဲ့ မွေးဖွားကြီးပြင်းလာခဲ့ ကြတာကြောင့် သူတို့ဖန်တီးမှုတွေ၊ စဉ်းစားတွေးခေါ်မှုတွေဟာလည်း ဘယ်တော့မှ တူညီနေမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ အခုလိုပေါ်ပေါက်လာတဲ့ AI တွေဟာ အားလုံးထက်ကို သာလွန်ပြီး ကြောက်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တယ်လို့ထင်ရပေမည့် လည်း ဖန်တီးမှုနယ်ပယ်မှာတော့ လူသားတွေဟာ အထူးချွန်ဆုံးပဲဖြစ်ပါတယ်။ 

ပျင်းရိငြီးငွေ့ဖွယ် အဖန်ဖန်တလဲလဲလုပ်ရတဲ့အလုပ်တွေကိုအစားထိုးဖို့ အလိုအလျောက် လုပ်ဆောင်ပေးနိုင်မည့်စနစ်တွေ ရောက်လာခဲ့ပြီဆိုတာ ကျွန်တော်တို့အားလုံးအသိပါပဲ။ နောင်လာနောက်သား လူသားတွေကို အားလပ်ချိန်တွေနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ ချန်ထားရစ်နိုင်မယ်၊ ဘဝမှာအချိန်အတော်ကြာအောင် မလုပ်ဖြစ်ခဲ့တဲ့ စာရေးတာတွေ၊ ပန်းချီဆွဲတာ၊ ဂီတဖန်တီးရေးသားတာတွေကိုလုပ်ရင်း အနာဂတ်လူ့ဘောင်အသိုင်းဝိုင်း ဟာချမ်းသာကြွယ်ဝမှုတွေကြား ရှင်သန်နေထိုင်သွားနိုင်မယ်လို့ အကောင်းမြင်သမားတွေ ကတော့မျှော်လင့်ထားကြတယ်။ 

ဒါပေမည့်လည်း အခုဆိုတဖြည်းဖြည်းနဲ့ ရှင်းရှင်းလင်းလင်း  မြင်တွေ့လာရမှာကတော့ မကြာခင်မှာ စက်ရုပ်တွေဟာ လူသားတွေရဲ့စိတ်ကူးတွေးမြင်ထားတာထက်ကို ကျော်လွန် ပြီး အရည်အသွေးမြင့်အကြောင်းအရာတွေကို ဖန်တီးတာနဲ့ သီချင်းဂီတတွေကို ရေးသား ပေးနိုင်တာတွေကို အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်ပေးနိုင်စွမ်းရှိလာတော့မှာဖြစ်ပါ တယ်။

လူသားတို့ရဲ့သမိုင်းမှာ အံ့ဖွယ် အကောင်းဆုံးဖန်တီးပေးမည့် ကိရိယာတစ်မျိုးအဖြစ် စက်ရုပ်တွေကို ကျိန်းသေပေါက်မြင်တွေ့ရတော့မှာပါ။ သင်ဆွဲချင်တဲ့ပုံတွေကို ဖန်တီးရေးဆွဲပေးတာမျိုးကနေစပြီး AI ကိုခိုင်းစေကာ သင့်အနေနဲ့ ဝင်ငွေရှာနိုင်တော့မှာလည်းဖြစ်ပါတယ်။ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ စက်တွေရဲ့တီထွင်ဖန်တီးနိုင်မှု စွမ်းရည်က လူသားတွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းတွေမှာ အောင်မြင်မှုရဖို့နဲ့ ရပ်တည်နိုင်ဖို့တောင်ခက်ခဲလာစေနိုင်ပါတယ်။ 

စာရေးခြင်း၊ ပန်းချီရေးဆွဲခြင်းနဲ့ ဒီဇိုင်ရေးဆွဲခြင်းအပါအဝင် အခြားအနုပညာနယ်ပယ်က လူသားတွေအနေနဲ့ စက္ကန့်ပိုင်းအတွင်း အနုပညာဖန်တီးမှုတွေထုတ်လုပ်ပေးနိုင်တဲ့ စက်တွေနဲ့ယှဉ်ပြိုင်နိုင်ဖို့ အရင်ထက်ပိုပြီးကြိုးစားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ RBE ရထားတစ်စင်းလမ်းချော်ခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွဲ(၂)တွဲပါ ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ်ပြေးဆွဲပေးနေသော RBE ရထားလမ်းချော်ကျခဲ့မှု သြဂုတ် ၁ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရထားသည် ပြင်ဦးလွင်ဘူတာမှထွက်ခွာလာစဥ် ပြင်ဦးလွင်ဘူတာနှင့် ပွဲကောက်ဘူတာကြား၏ မိုင်တိုင်အမှတ် ၄၂၆/ ၃နှင့် ၄၂၆/ ၄ ကြား ပြင်ဦးလွင်မှ မိုးကြိုးပစ်ကျေးရွာသို့ဖောက်လုပ်ထားသော မြေသားလမ်းနှင့် ရထားသံလမ်းတရားမဝင်လမ်းကူးကိုဖြတ်သန်းစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားသံလမ်းပေါ် သဲများနှင့် မြေသားများဖုံးလွှမ်းနေသဖြင့် ရထားတွဲဆိုင်းပါ ဦးဆောင်တွဲ RBE-30106...

ခမ်းပါတ်မြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာ

ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် ခမ်းပါတ်မြို့၌ အစိုးရယန္တရားများပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ် ၁ ရက်နေ့လည်ပိုင်းက ခမ်းပါတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများအင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်း(၃၅)ဦး၊ မှီခို(၂)ဦးတို့သည် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူရောက်ရှိလာရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံများကကြိုဆိုခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားချိန်က မြို့မှယာယီစွန့်ခွာသွားခဲ့ကြသော ခမ်းပါတ်မြို့ဒေသခံများသည်လည်းနေရပ်သို့ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို ပစ္စတိုသေနတ်အပါ အဝင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခဲ့ကြသော ပြစ်မှုကျူးလွန်သူ(၁၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းက "မီလျံနာ"ရွှေဆိုင်အား သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၆,၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပ စ္စည်းများကိုလုယက်ယူဆောင်သွားသူ(၆)ဦးအား (ပ) ၁၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထက်ဝေကျော်(ခ)ကိုထက်(၂၂)နှစ်၊ ရှိုင်းကို(ခ)ငရှိုင်း(၃၀)နှစ်၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင် (၃၃)နှစ်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း(၂၁)နှစ်၊ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်(၅၈)နှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071