ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာ သင်တိုက်ကြီး၏ (၇၅) နှစ်မြောက် စိန်ရတုသဘင်နှင့် (၃၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲတို့ကို ယနေ့ ဧပြီ ၂၅ ရက်နံနက်ပိုင်းကဆင်ယင်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
