Saturday, September 19, 2026

၂၀၂၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စက်တင်ဘာ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းကို လာမည့် စက်တင်ဘာ ၂၈...

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။ ​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့...

နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကဏ္ဍလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉ နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒနှင့် လုပ်ငန်းတာဝန်များအညီ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊...

လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉ နေပြည်တော်၌ တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက...
HomeCelebrities' Newsဝါသနာပါရာကို ရူးသွပ်စွာလုပ်ပါဆိုတဲ့ စာရေးဆရာ၊...

ဝါသနာပါရာကို ရူးသွပ်စွာလုပ်ပါဆိုတဲ့ စာရေးဆရာ၊ ဒါရိုက်တာမောင်စိတ္တ

 

မြန်မာ့ဇာတ်သဘင်မှာ ချန်လှပ်ထားလို့မရတဲ့ အနုပညာရှင်ကြီးတစ်ဦးရှိပါတယ်။ ဒီအနုပညာရှင်ကြီးက တော့ ဒါရိုက်တာမောင်စိတ္တပဲဖြစ်ပါတယ်။ သူဟာ ပြဇာတ်ပေါင်း များစွာရေးသားခဲ့ပြီး ကိုယ်တိုင်လည်း ပြဇာတ်တွေကို ဒါရိုက်တာအဖြစ် တင်ဆက်ခဲ့ ပါတယ်။ ဒါ့အပြင်သူက စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသေးတယ်။ သူက သဘင် မင်းသားကြီး ဦးမိုးဝင်းရဲ့ စံပြသဘင်မှာ မော့စ်၊ မိုးဒီတို့နဲ့အတူ သူ့ရဲ့ဇာတ်သဘင် လောကသားဘဝကို စတင်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ ပုလင်းစိန်၊ ဖန်ခွက်စိန်၊ အမြည်းစိန်တို့ ဇာတ် သဘင်အဖွဲ့မှာ လည်း ပြဇာတ် ဒါရိုက် တာအဖြစ် လုပ်ခဲ့ပါသေးတယ်။ မော့စ်၊ မိုးဒီတို့နဲ့အတူ လက်တွဲကာ တင်မိုးဝင်း ဇာတ်သဘင်အဖွဲ့ကိုတည်ထောင် ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာလည်း မြို့ရွှေ မန်းသားဖိုးချစ်နဲ့ ဟန်ဇာမိုး ဝင်းတို့ဇာတ်သဘင်အဖွဲ့တွေ မှာလည်း သဘင်ပညာရပ်နဲ့ ပံ့ပိုးကူညီလုပ်ဆောင်ပေးနေပါတယ်။ ဒါရိုက်တာ မောင်စိတ္တက အခုအချိန်မှာတော့ ပုလဲ မြို့သစ်က အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ နေထိုင်လျက်ရှိတာ ၁ နှစ်နီးပါးရှိခဲ့ ပြီလည်းဖြစ်ပါတယ်။

”ဒီမှာနေဖို့က ဖိုးချစ်က ခေါ်ထားတာပါ။ ပြီးတော့ ဒီမှာကူညီပေးနေတဲ့ ချစ်ချစ်ဇော် တို့၊ လင်းဇာနည်ဇော်တို့ကလည်း ဘဘတပည့်တွေပဲဆိုတော့ လာနေဖြစ်တာပါ။ မိသား စုအနေနဲ့ကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ သူတို့နေထိုင်တာက ၅ လွှာမှာနေတာဆိုတော့ ဘဘကမတက်နိုင်ဘူးလေ။ ခြေထောက်ကလည်း မကောင်းဘူး။ ဒါကြောင့်လည်း ဒီမှာလာနေဖြစ်တာ။ ဒီမှာက အားလုံးအဆင်ပြေပါတယ်”လို့ ဒါရိုက်တာ မောင်စိတ္တကပြောပါတယ်။

အခုအခါမှာတော့ ကျန်းမာရေးအခြေအနေအရ စာရေးသား ခြင်းကို ၁၅ မိနစ် လောက်ပဲရေးသားနိုင်ပါတော့တယ်။ စာအုပ်စာပေကိုနေ့စဉ် ပုံမှန်ဖတ်လေ့ရှိပြီး ကျန်းမာရေးအရ လမ်းလျှောက်ခြင်းကိုတော့ လုပ်ဖြစ် တယ်လို့ဆိုပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ အနုပညာ ဆည်းဆာရိပ်ကလည်း အထူးဂရုစိုက်ပြီးသူနာပြုတွေနဲ့ထားရှိတာ ဖြစ်ပါတယ်။

”ဖြစ်ချင်တာရှိရင် ဖြစ်အောင်လုပ်ရမှာပါပဲ။ ဖြစ်ချင် တာပဲရှိပြီးကိုယ်လည်း ဘာမှမလုပ်ဘူးဆိုရင် ဖြစ်လာမှာမဟုတ်ပါဘူး။ လူငယ်တွေကိုပြောချင်တာကတော့ စာရေးတာပဲဝါသနာပါပါ၊ ဇာတ်မင်းသားပဲဝါသနာပါပါလုပ်နေရမှာပါပဲ။ လုပ်တာကလည်း သာ မန်လုပ် ရုံနဲ့တော့မရဘူး။ ရူးသွပ်နေမှကိုရမှာပါ”လို့ လူငယ်တွေနဲ့ ပတ်သက်လို့ သူက သြဝါဒစကား ပြောကြားခဲ့ပြီးအခုချိန်မှာတော့ အသက် ၇၃ နှစ်ရှိနေပြီဖြစ်ပါတယ်။

သတင်း-လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071