မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြေဩဇာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင်လက်မှတ်ပေါင်း (၁၂,၇၄၁) စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း မှတ်ပုံတင်သက်တမ်းကျော်လွန်၍ ဖျ-က်သိ-မ်းခြင်း၊ ကာယကံရှင်များ၏တင်ပြချက်အရ ပယ်ဖျ-က်ခြင်းများဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိတွင် တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် (၇,၆၂၃) စောင်ဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြေဩဇာကော်မတီ၏ (၄၅) ကြိမ်မြောက်အစည်းဝေးအရ သိရသည်။
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက်အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မြေဩဇာများကို အချိန်နှင့်တပြေးညီသုံးစွဲနိုင်ရန် မြေဩဇာမှတ်ပုံတင်ခြင်းအား မြေဩဇာကော်မတီက (၃) လတစ်ကြိမ် အစည်းအဝေးကျင်းပဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနှင့်မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်မြေဩဇာအရည်အသွေး မှန်ကန်မှုရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးမှူးများက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်နေကြောင်းလည်း မြေဩဇာကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားထားသည်။
သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခို-က်ခဲ့ရသည့် သီးနှံစိုက်ခင်းဧရိယာများကို သွင်းအားစုများဖြင့် အချိန်မီပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ တွဲဖက်အသုံးပြုခြင်းအပြင် မြေနမူနာဓာတ်ခွဲစစ်ဆေးချက် အပေါ်မူတည်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များ၌ သီးနှံအလိုက်ထည့်သွင်းရမည့် မြေဩဇာထောက်ခံနှုန်းထားများပေးခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းရေးအတွက် တောင်သူများအား နည်းပညာပေးခြင်းလုပ်ငန်းများအပြင် ဝန်ထမ်းများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
