Friday, May 1, 2026

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း...

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ...

စက်သုံးဆီစျေး သိသိသာသာကျဆင်းလာပြီး 92 တစ်လီတာလျှင်...

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး သိသိသာသာ ထပ်မံကျဆင်းလာသည်။ စက်သုံးဆီဈေးနှုန်းအနေဖြင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ်...

မန္တလေး၌ လျှပ်စစ်လိုင်းကြိုးခိုးယူသူ ၃ ဦးကို...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများကို ဖြ-တ်တေ-ာက်ခိုးယူသူ (၃) ဦးအား တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ထံမှ သိရသည်။...

နိုင်ငံအတွင်း စက်သုံးဆီ ရက်(၆၀)စာ လုံလောက်မှုရှိ

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် စက်သုံးဆီ...
HomeNewsLocal Newsရန်ကုန်ရှိ မြို့နယ် ၂၀...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်သင်ကြားမည်

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအကြား ဘောလုံးအားကစား အခြေခံကျွမ်းကျင်မှုများ ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ယခုလ မေလ (၄) ရက်မှ စတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

စီမံခန့်ခွဲမှုနှင့် သင်ကြားမည့်မြို့နယ်များ

သင်တန်းများအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းဖွင့်လှစ်မည့် မြို့နယ် (၂၀) မှာ အောက်ပါအတိုင်းဖြစ်သည် ။

အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်

တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း) ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်း။

အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်

လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ (အရှေ့ပိုင်း၊ အနောက်ပိုင်း) ၊ ရွှေပြည်သာ။

နယ်မြေဒေသများ

တွံတေး၊ တိုက်ကြီး၊ ကွမ်းခြံကုန်း၊ လှည်းကူး။

ယခုကဲ့သို့ Pilot Project အနေဖြင့် စတင်ခြင်းသည် အခြေခံအဆင့်မှစတင်ကာ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နောင်တွင် နိုင်ငံဂုဏ်ဆောင်နိုင်မည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း သုခဒဂုံအိမ်ရာအထိ တိုးချဲ့ပြေးဆွဲပြီ

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ ၁ ရက်နေ့မှစတင်ကာ သုခဒဂုံအိမ်ရာအထိ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ YBS-27 တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံအိမ်ရာမှ စတင်ကာ အောက်ပါအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပါသည် - သုခဒဂုံအိမ်ရာ သပြေခြံလမ်းဆုံ စိတ်ကျန်းမာရေးဆေးရုံ ဒဂုံတက္ကသိုလ် ၇/၈ လမ်းဆုံ နှင့် ၄၆ လမ်းဆုံ ခေမာ...

စက်သုံးဆီစျေး သိသိသာသာကျဆင်းလာပြီး 92 တစ်လီတာလျှင် ရန်ကုန်၌ ၄၅၁၅ ကျပ်ဖြစ်၊ ယခင်တစ်ပတ်ထက် ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ နီးပါး ကျဆင်း

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး သိသိသာသာ ထပ်မံကျဆင်းလာသည်။ စက်သုံးဆီဈေးနှုန်းအနေဖြင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၄၅၁၅ကျပ် ၊ 95 တစ်လီတာလျှင် ကျပ် ၄၆၇၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၅၂၇၅၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၆၄၅၅ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ ထုတ်ပြန်ထားသည်။ ယခင်အပတ်ရည်ညွှန်းစျေး၌မူ ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၄၆၆၈ ကျပ် ၊...

မန္တလေး၌ လျှပ်စစ်လိုင်းကြိုးခိုးယူသူ ၃ ဦးကို ဖမ်းဆီးရမိ၊ ပြ-တ်တေ-ာက်သွားသည့် ဓာတ်အားကို ၄ နာရီအတွင်း ပြန်လည်ဖြန့်ဖြူးနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများကို ဖြ-တ်တေ-ာက်ခိုးယူသူ (၃) ဦးအား တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) ထံမှ သိရသည်။ ဖြစ်စဉ်နှင့် ဖမ်းဆီးရမိမှု ဧပြီလ ၃၀ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၆၇ လမ်းနှင့် ၁၀၂ လမ်းထောင့်၌ အမျိုးသား ၃ ဦးက လျှပ်စစ်လိုင်းကြိုးများကို ဖြ-တ်တေ-ာက်နေကြောင်း သတင်းရရှိသဖြင့် ၆၅ လမ်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071